Connect with us

Education & Health

တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှက်များကို ဇူလိုင်လ၌ ထုတ်ပေးမည်

၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြည့်နေသူများအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များကို ဇူလိုင်လတွင် ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဝင်ရောက်ဖြေဆို ခဲ့သူများ၏ အမှတ်စာရင်းများကိုလည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) ဇွဲကပင်ဆောင်၌ ထုတ်ပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်ဖြေဆိုသူများ၏ အမှတ်စာရင်း ကို မြို့ကြီးများသို့ ‌မော်‌‌တော်‌ယာဉ်‌များဖြင်‌့ သွား‌ရောက်‌ ထုတ်‌‌ပေးလျက်‌ရှိကြောင်း သိရသည်။

ရွေ့လျားစနစ်ဖြင့် အမှတ်စာရင်းများ ထုတ်ပေးရာတွင် ဇွန် ၂၃ ရက်နှင့် ၂၄ ရက် တို့တွင် ထားဝယ်မြို့ရှိ တိုင်းပညာ ရေးမှူးရုံး၊ ဇွန် ၂၅ ရက်တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ပညာရေးမှူးရုံးနှင့် ဇွန် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မြိတ်မြို့ရှိ ခရိုင်ပညာရေး မှူးရုံးတို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ထုတ်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.