ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုးရက်အတွင်း တရားမဝင်သစ် တန်ဖိုး ကျပ်သိန်းပေါင်း ၂၆၀၀၀ကျော် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရှိ ကျေးလက်များအား ၂၀၃၀ ခုနှစ်တွင် အချိန်မရွေး သွားလာ၍ ရသည့် လမ်းများ ဖြစ်ရန် အစိုးရ ဘတ်ဂျက် နှင့် နိုင်ငံတကာ အကူအညီများ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖော်ပြချက် အရ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင် ယမန်နေ့ည က လောင်ကျွမ်းခဲ့သော မီးကြောင့် အိမ်ခြေ ၂၉လုံး မီးလောင်ကာ ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း ကျပ် ၂၂၇သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) MRTV ၏ Multi-Channel Play out System တွင် ရုပ်သံလွှင့်လုပ်ငန်း (Digital Free-to-Air) လုပ်ကိုင်လိုသူ Content Providers ရွေးချယ်မှုအတွက် ပဏာမ ၁၀ ဦး စာရင်းကို ယနေ့ ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ သည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွား ကဏ္ဍပိုမိုမြှင့်တင် ဆောင်ရွက်ရေး၊ နယ်စပ်ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးမြှင့်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ယခုအခါ ရန်ကုန်မြို့တွင်း၌ မော်တော်ယာဉ်များ မီးလောင်မှုဖြစ်ပွားလာခြင်း ကြောင့် မော်တော် ယာဉ်မီးလောင်လျှင် အရင်ဆုံးလုပ်သင့်သော အချက်အလက်များပါဝင်သည့် ပညာပေး လက်ကမ်းစာစောင်များကို ကားဝင်းများ၌ လိုက်လံဝေငှကာ အသိပညာ ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်း ခရိုင် အမှတ်(၉) ယာဉ်ထိန်းရဲ ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မုတ္တမပင်လယ်ကွေ့ဒေသရှိ ကမ္ဘာ့ရှားပါးစာရင်းဝင် ဆောင်းခို ငှက်မျိုးစိတ် ရေညှောင့်နှုတ်ဝိုင်းငှက်နှင့် အခြားငှက်မျိုးစိတ်အများအပြား ကျက်စားသည့်နေရာအား ရေတိမ်ဒေသ (Ramsar Site)အဖြစ် သတ်မှတ်နိုင်ရေးဆောင်ရွက်နေကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဌာန၏ စီစဉ်မှုဖြင့် မြန်မာ့လက်ရွေး စင် ဂိုးနည်းပြများနှင့် မြန်မာ့လက်ရွေးစင် ဂိုးသမားများ၏ စွမ်းဆောင်ရည် မြင့် မားလာ စေရန် ရည်ရွယ်၍ သင်တန်း ပို့ချရန် ရောက်ရှိနေသော ဟန်ဂေရီလက်ရွေးစင်အသင်း၏ ဂိုးနည်းပြ ဖြစ်သော ဂျာမနီလူမျိုး...
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ အခြေခံအဆောက်အဦများနှင့် စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးမြှင့်ရေးများကို ယနေ့ ဖေဖော်ဝါရီ ၂ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E.Dr.Somkid Jatusripitak နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ သတ်ခံရမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုဖီအာနန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။