Connect with us

Politics, Law & Military

တရုတ်နိုင်ငံအစိုး ရနှင့် ချိတ်ဆက်ဝယ်ယူထားသော ဘတ်စ်ကားသစ် များရောက်ရှိလာပါက ရန်ကုန်လေဆိပ်နှင့် မြို့တွင်းသို့ Shuttle Bus ပြေးဆွဲသွားရန် လမ်းကြောင်းရေးဆွဲနေ

Yutong (ယူထုံး) ကုမ္ပဏီမှဘတ်စ်ကားတချို့ အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန် မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအစိုး ရနှင့် နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်ဝယ်ယူထားသော ဘတ်စ်ကားသစ် များရောက်ရှိလာပါက ရန်ကုန်လေဆိပ်နှင့် ရန်ကုန်မြို့တွင်းသို့ လွန်းပြန်၊ ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲသွား မည့် ခရီးသည်တင်ကား (Shuttle Bus) ပြေးဆွဲနိုင် ရန် လမ်းကြောင်းရေးဆွဲစီစဉ်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အစိုးရ၏အစီအစဉ်ဖြင့် ဝယ်ယူထားသော ဘတ်စ်ကားအသစ် အစီး ၁၀၀၀ မကြာမီကာလအတွင်း ရောက်ရှိလာမည်ဖြစ်ရာ YBS ယာဉ်လိုင်းများတွင် လိုအပ်ချက်အပေါ် မူတည်၍ ထည့်သွင်းပြေးဆွဲ သွားမည့်အပြင် နိုင်ငံတကာမြို့ပြများတွင် ပြေးဆွဲနေသကဲ့သို့ နိုင်ငံခြားသားဧည့်သည်များ အဓိက ဝင်၊ ထွက်ပေါက် ဖြစ်သည့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့၏ အချက်အချာ ဆူးလေသို့ လွန်းပြန်ယာဉ်ပြေးဆွဲသွားရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

တရုတ်နိုင်ငံကုမ္ပဏီမှ ဝယ်ယူထားသော ဘတ်စ်ကားသစ် အစီး ၁၀၀၀ တွင် Yutong (ယူထုံး) ကုမ္ပဏီမှ အစီး ၅၀၀၊ Ankai ကုမ္ပဏီမှ အစီး ၅၀၀ ဝယ်ယူထားခြင်းဖြစ်ပြီး ၂၀၁၇ မော်ဒယ်ထုတ်ကားသစ်များဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီး အစိုးရအနေဖြင့် အစိုးရမှ မတည်ရင်းနှီးငွေ ထည့်ဝင်ကာ PPP စနစ်ဖြင့် ထူထောင်ထားသည့် အစိုးရ-ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်သော YBPC ကုမ္ပဏီမှတစ်ဆင့် အဆိုပါဘတ်စ်ကားသစ် အစီး ၁၀၀၀ ဝယ်ယူရန် အဆိုပါကုမ္ပဏီတို့နှင့် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117