Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာဆိုင်ရာ အထူးသံတမန် တို့ တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာဆိုင်ရာ အထူးသံတမန် တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၂ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာဆိုင်ရာ အထူးသံတမန် H. E. Mr. Sun Guoxiang တို့သည် ယနေ့ မေ ၂၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး၏ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးနှင့် ပတ်သက်သည့်ကိစ္စတို့အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။ထို့အတူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာဆိုင်ရာ အထူးသံတမန် H. E. Mr. Sun Guoxiang တို့သည် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)