Connect with us

Education & Health

သူရဦးတင်ဦး၏ လက်ရှိကျန်းမာရေးအခြေအနေ တည်ငြိမ်

ဗန်းမော်ဆရာတော်နှင့် မူလဆယ်တောင်ပြည့် ကျောင်းတိုက်ဆရာတော်တို့မှ သူရဦးတင်ဦး အတွက် မေတ္တာပို့သပေးနေစဉ် (ဓာတ်ပုံ-- ဦးဖြိုးမင်းသိန်း facebook)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး၏ လက်ရှိကျန်းမာရေးအခြေအနေမှာ နှလုံးခုန်နှုန်းတည်ငြိမ်၍ နှလုံးလှုပ်ရှားမှုမှာ ပုံမှန်ဖြစ်ကြောင်း၊ ထို့ပြင်လူနာ၏ သွေးခုန်နှုန်း၊ သွေးပေါင်ချိန် နှင့် အအသက်ရှုနှုန်းတို့ မှာ ပုံမှန်အတိုင်းရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို၏ ထုတ်ပြန်ချက်အရ သိရသည်။

သူရဦးတင်ဦးသည် အသက် ၉၁ နှစ်ရှိပြီဖြစ်ပြီး မေလ ၁၈ ရက်နေ့ နံနက် (၀၃း၁၅)နာရီမှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါဖြင့် တက်ရောက်ကုသခံလျှက်ရှိသည်။

ဦးနှောက်သွေးကြောက်ပိတ်လေဖြတ်ရခြင်းအကြောင်း မှာ အသက်ကြီးသောသူများတွင် အဖြစ်များသော နှလုံးခုန်နှုန်း ပုံမှန်မဖြစ်ရာမှ နှလုံးထဲတွင် သွေးခဲမှုန်များဖြစ်ပေါ်ပြီး နှလုံးမှတဆင့် ဦးနှောက်သွေးကြောအတွင်းသို့ ရောက်ရှိခြင်းဖြစ်ကြောင်း၊ သူရဦးတင်ဦးအား ပုံမှန်ပြုလုပ်နေကြဖြစ်သည့် အထူးကုဆရာဝန်ကြီး၁၅ ဦး ပါဝင်သော ဆေးဝါးကုသရေးကော်မတီ ဖွဲ့စည်း၍ လိုအပ်သောဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေလ ၂၂ရက်နေ့ အထိ သူရဦးတင်ဦး ၏ သတိအခြေအနေသည် ရောက်ရှိသည့် အချိန်ထက် သိသိသာသာ တိုးတက်မှုရှိကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကို၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.