နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဒီမိုကရေစီ ရှင်သန်နိုင်ရေးအတွက် စွမ်းရည်မြင့်ပြီး အားကောင်း ခိုင်မာသည့် လွှတ်တော်များ လိုအပ်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးသတင်းပို့စနစ် တစ်ခုကို တည်ထောင်ကာ စဉ်ဆက်မပြတ် အချက်အလက်များ ဖြည့်ဆည်း၍ ရောဂါများကို စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Master Plan အား ရေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်း နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်ရောက်လာသော ကုန်စည်များကို ခေတ်မီ X-rayစက်များဖြင့် မတ်လတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် မန်ဖာကျေးရွာအုပ်စု၊ မန်ဖာလေးကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ တွင် ကုန်တင်ရေယာဉ်နှစ်စီး တိုက်မိခဲ့ပြီး လူသေပျောက်မှု မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ပြည်ပသို့ တရားမဝင်သစ်များ တင်ပို့သူများကို မြို့နယ်တရားရုံးတွင် သစ်တောဥပဒေပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတား တည်ဆောက်မှုပြီးစီးလျှင် မြန်မာနိုင်ငံဘက်မှမြေယာများအတွက် မြေပိုင်ရှင် ၇၁ ဦးအား စုစုပေါင်းငွေကျပ် ၃၅၂၆ သန်းကို နိုင်ငံတော်အစိုးရက ပေးအပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး ၏ မြင်ကွင်းဓာတ်ပုံ များကို သက်ဆိုင်ရာမှ မှတ်တမ်းတင် သိမ်းဆည်း ထားရန်နှင့် ဘုရားဖူးလာသူများ ဖူးမြော်နိုင်စေရန် ရွှေတိဂုံ စေတီတော် မော်ကွန်းတင် ဓာတ်ပုံပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ပြည်ပမှ တင်သွင်း ဝယ်ယူလာသော မော်တော်ယာဉ်များ သွင်းကုန် လိုင်စင် ၊ သွင်းကုန် ကြေညာလွှာ ၊ အကောက်ခွန် ဖော်ပြချက်များနှင့် မတူညီပဲ ဘောင် အမှတ်/ကိုယ်ထည် အမှတ် ဖောက်ထည့်ထားခြင်းနှင့် မှုလ စက်ရုံထုတ် ပုံစံ မဟုတ်ဘဲ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် လူကုန်ကူးခြင်းခံခဲ့ရသော အမျိုးသမီးငယ် ၁၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။