Connect with us

Politics, Law & Military

တရားမဝင်ကုန်စည်စီးဆင်းမှုများအားဆက်လက်အရေးယူသွားမည်

ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်စီးဆင်းမှုများကြောင့် တရားဝင်တင်သွင်းသည့် လုပ်ငန်းရှင်များ နစ်နာမှု ရှိသည့်အတွက် တရားမဝင် ကုန်စည်စီးဆင်းမှုများအား အရေးယူလျက်ရှိပြီး၊ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက စီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက “တရားမဝင်ကုန်စည်တွေကို တားဆီးဖို့အတွက် ကျွန်တော်တို့ ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိတယ်။ အဲ့ဒီ့လိုဆောင်ရွက်တဲ့အခါမှာ သိမ်းဆည်းရမိတာတွေကို ထုခွဲရောင်းချတဲ့အထဲက အရင်က နိုင်ငံတော်က ၈၀ ရာခိုင်နှုန်း၊ သတင်းပေးတဲ့သူက ၁၀ ရာခိုင်နှုန်း၊ ဖမ်းပေးတဲ့သူ ၁၀ ရာခိုင်နှုန်းချီးမြှင့်ခဲ့ပါတယ်။ အခုက နိုင်ငံတော်က ၅၀ရာခိုင်နှုန်း ၊ သတင်းပေး ၂၀ ရာခိုင်နှုန်း၊ဖမ်းဆီးတဲ့အဖွဲ့ကို ၃၀ ရာခိုင်နှုန်း ဆိုပြီး နိုင်ငံတော်က လျှော့ယူလိုက်ပါတယ်’’ ဟုပြောကြားခဲ့သည်။

တရားမဝင်ကုန်စည်ကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် သတင်းပေးသူ နှင့် ဖမ်းဆီးသည့် အဖွဲ့ကို ပိုမိုခံစားခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ဖမ်းဆီးရမိမှုများ တွင်လည်း သတင်းပေးသူ နှင့် ဖမ်းဆီးသည့် အဖွဲ့အား ယခင်ထက်ရာခိုင်နှုန်းပိုမိုပေးအပ်ခဲ့ကြောင်း သိရသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “တရားမဝင်ကုန်စည်စီးဆင်းမှုကို ကာကွယ်တားဆီးမှုတွေလုပ်တယ်ဆိုတာက တရားဥပဒေဘောင်အတွင်းက ဝယ်ကြ၊ ရောင်းကြဖို့လုပ်နေတာဖြစ်တယ်။ တရားမဝင်ကုန်စည်ရောင်းချမှုနဲ့ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့ဆောင်ရွက်မှုတွေလုပ်မယ်လို့ ပြောချင်ပါတယ်။ ဒါမှသာ အသေးစား နဲ့ အလတ်စားလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။’’ ဟုပြောကြားခဲ့သည်။

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ မှာ ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခု အကြိမ်သည် ဆဌမ အကြိမ်မြောက်တွေ့ဆုံမှုဖြစ် သည်။ ထိုသို့တွေ့ဆုံခဲ့သည့် အကြိမ်များအတွင်း စုစုပေါင်း ထုတ်ပြန်ချက် ၈၃ ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.