Connect with us

Politics, Law & Military

NLD နာယက ဦးတင်ဦး ကျန်းမာရေး အခြေအနေ တိုးတက်လာပြီး ရက်သတ္တပတ်တစ်ပတ် စောင့်ကြည့်ရမည်

ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၉ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေမှာ ပထမနေ့ထက် အခြေအနေ ပို၍ တိုးတက်လာခဲ့ပြီး ရက်သတ္တပတ်တစ်ပတ် စောင့်ကြည့်ရမည် ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ယနေ့ မေ ၁၉ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“မနေ့ကထက် စာရင် ဒီနေ့အခြေအနေက တော်တော်လေး တိုးတက်လာတာကို ဝမ်းမြောက်ဝမ်းသာ တွေ့ရှိရမှာ ဖြစ်ပါတယ်။” ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောသည်။NLD နာယက ဦးတင်ဦးအား ရက်သတ္တပတ် တစ်ပတ် စောင့်ကြည့်ရမည် ဖြစ်ပြီး အနည်းဆုံး ၃ ပတ်ခန့်ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ထားရှိရမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

NLD နာယက ဦးတင်ဦးအား ကျန်းမာရေး ကုသရာတွင် ဆေးဝါး ကုသရေး ကော်မတီအား ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ် ရန်ကုန် ပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကို ၊ အတွင်းရေးမှူး အဖြစ် ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာ မိမိအေး တို့ပါဝင်ပြီး အဖွဲ့ဝင်များ အနေဖြင့် ဆေးရုံကြီးရှိ ရောဂါပိုင်း ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများအား ထည့်သွင်း ဆောင်ရွက်နေကြောင်း သိရသည်။

NLD နာယက ဦးတင်ဦးသည် မေ ၁၇ ရက် ည ၁၁ နာရီ အချိန်ခန့်တွင် ဦးဏှောက်အား ပို့လွှတ်သည့် သွေးကြောတွင် သွေးခဲများဖြင့် ပိတ်ဆို့သွားပြီး ၎င်း၏ နေအိမ်ရေချိုးခန်း အတွင်း လဲကျသွားသည်ဟု ယူဆရကြောင်း ၊ ထို့အတူ ယခင် သွေးတိုး နှင့် နှလုံး ရောဂါ အခံများလည်း ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.