Connect with us

Politics, Law & Military

ရန်ကုန်မြစ်ကြောင်းကို ထိန်းချုပ်သွားရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြား

ဦးဖြိုးမင်းသိန်း ဆွေးနွေးပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ကုန်စည်စီးဆင်းမှု တွင် ဆိပ်ကမ်းအခက်အခဲရှိနေကြောင်း ၊ရေကြောင်းလမ်းမှ သယ်ယူပို့ဆောင်နိုင်ပါက စရိတ်သက်သာသည့်အတွက် ရေကြောင်းလမ်းဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေး အခက်အခဲများရှိနေသေးကြောင်း၊ ထို့ကြောင့် ရန်ကုန်မြစ်ကြောင်းကို ထိန်းချုပ်သွားရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒုတိယသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

ဦးဖြိုးမင်းသိန်းက “ဇွန်လ အတွင်းမှာ Water Taxi ပြေးဆွဲဖို့ ရှိပါတယ်။ Water Taxi ပြေးဆွဲတဲ့အခါ အဆင့်အမြင့်ဆုံးနည်းပညာ နဲ့ မြစ်ကြောင်းတစ်ခုလုံးကို ထိန်းသိမ်းမှာ ဖြစ်ပါတယ်။ မှောင်ခိုဝင်ထွက်နေတဲ့ သဘောၤတွေကို ပါ ထိန်းသိမ်းသွား မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို အဆင့်မြင့်နည်းပညာတွေ နဲ့ ပြင်ဆင်နေပါတယ်။ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်ဖို့အတွက် ကုန်းတွင်းဆိပ်ကမ်းတွေလည်းပေးဖို့ ပြင်ဆင်ထားပါတယ်။’’ ဟုပြောသည်။

Logistics (ထောက်ပံ့ပို့ဆောင်ရေး) ၏ အဓိက သော့ချက် သည် ဓာတ်ဆီ၊ ဒီဇယ်နှင့် လောင်စာဆီများ ဖြစ်ကြောင်း၊ လောင်စာဆီ ဈေးနှုန်းသည် အလွန်အင်မတန်မြင့်မားလျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုတွင် လောင်စာဆီသည် အဓိက ကျသည့် အနေအထားတွင်ရှိကြောင်း၊ လောင်စာဆီကို ယခုထက်ဈေးနှုန်းသက်သာရန်အတွက် စီမံဆောင်ရွက် ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ကုန်တန်ချိန်ကြီးကြီး၊ သဘောၤကြီးများ နှင့် ရေနက်သည့် နေရာတွင် သဘောၤကြီးများ ကုန်တင်ကုန်ချလုပ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဦးဖြိုးမင်းသိန်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရေနက်ဆိပ်ကမ်း မလုပ်နိုင်သေးရင်တောင်မှ ကုန်သေတ္တာမချနိုင်သေးရင်တောင်မှ ဓာတ်ဆီ၊ ဒီဇယ်တွေကို အမြန်ဆုံးချနိုင်ဖို့ အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကုန်စည်စီးဆင်းမှုအတွက် အရေးအကြီးဆုံး၊ ဈေးသက်သာအသွားနိုင်ဆုံး နည်းလမ်းကို ကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်။’’ ဟုပြောသည်။

ကုန်းတွင်းဆိပ်ကမ်း

ကုန်းတွင်းဆိပ်ကမ်းများကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးပါက ကုန်စည်များသည် ကုန်းလမ်းကသာမကပဲ ရေကြောင်းလမ်းကလည်းလာနိုင်မည်ဖြစ်ကြောင်း၊ သီလဝါ ကနေထွက်မယ့် ကားတွေအားလုံးဟာ နေ့ရော ညရော ထွက်လို့ရတဲ့ အခြေအနေမှာ ရှိနေတွင် ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှ ညဘက်သာ ထွက်လို့ရသည့် အခြေအနေ တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ အခက်အခဲ ပေါ်ပေါက်လာရင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ဆိုသည်။

ရေလမ်းကြောင်း

ဦးဖြိုးမင်းသိန်းက “သီလဝါမှာလည်း နောက်ထပ်ဆိပ်ကမ်းအသစ်တွေ ပေါ်လာတော့မှာ ဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှု ပိုပြီး အဆင်ပြေလာလိမ့်မယ်လို့ ယူဆပါတယ်။’’ ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.