Connect with us

Social

ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများတွင် စီးတီးဘတ်စ်များပြေးဆွဲမည်

Foton မော်တော်ယာဉ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်း သီးသန့်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများတွင် မေ ၂၅ ရက်မှစတင်၍ စီးတီးဘတ်စ်များဖြင့်သာ ပြေးဆွဲသွားမည်ဖြစ်ပြီး ယခုလအတွင်း ရောက်ရှိလာသော Foton (ဖိုတွန်) ယာဉ်များဖြင့် မြို့တွင်း (၅၆) ယာဉ်လိုင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

မြို့တွင်းသီးသန့်ပြေးဆွဲနေသည့် ယာဉ်လိုင်း သုံးလိုင်းဖြစ်သော YBS (၅၆၊ ၅၇၊ ၅၈) ယာဉ်လိုင်းတို့တွင် မီနီဘတ်စ်များဖြင့် ပြေးဆွဲနေခြင်းကို မေ ၂၄ ရက် နောက်ဆုံးထားကာ အခြားသော YBS ယာဉ်လိုင်းများသို့ ပြောင်းရွှေ့ပြေးဆွဲရန် ယာဉ်လိုင်းများအား ညွှန်ကြားထားပြီးဖြစ်ပြီး စီးတီးဘတ်စ်ယာဉ်များဖြင့်သာ အဆိုပါ ယာဉ်လိုင်းများတွင် ဖြည့်စွက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။YBS ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲ ရန်အတွက် ခရီးသည်တင်ယာဉ်အသစ်များကို တရုတ်နိုင်ငံမှ အစိုးရချင်းချိတ်ဆက်မှုစနစ်ဖြင့် အစီး ၁ဝဝဝ ကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ဝယ်ယူထားမှုမှာ မကြာမီရောက်ရှိလာမည်ဖြစ်ပြီး ယာဉ်လိုင်းလိုအပ်ချက်အပေါ်မူတည်၍ ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲသွားမည်ဟု သိရသည်။

ယင်းအပြင် ပုဂ္ဂလိက ယာဉ်လိုင်းကုမ္ပဏီများက တင်သွင်းလာသည့် ယာဉ်များသည်လည်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲသွားမည်ဖြစ်ရာ Foton စီးတီးဘတ်စ်များကို မြို့တွင်း ယာဉ်လိုင်းတွင် စတင်ထည့်သွင်းပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.