ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂြိုဟ်တုဖြင့်ကောင်းကင်ဓာတ်ပုံရိုက်ကူး၍ နယ်နိမိတ် ပြန်လည် တိုင်းတာခြင်းလုပ်ငန်းအတွက် ငွေကျပ် သန်း ၁၅၀၀ တောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ပြည်တွင်း ဖားကန့်မြို့၏ အရှေ့မြောက်ဘက် မိုင်(၃၀)ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိသော အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ...
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရမှုနှင့် ပတ်သက်ပြီး အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်ရန် NLDပါတီက ဇန်နဝါရီ ၂၉ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပဆိုက်ရောက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေနတ်သမားအား ဖမ်းဆီးစစ်ဆေးနေကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကျင်းပမည့် ၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ (Miss Universe 2016 ) ၏ အထူးခြားဆုံးနှင့် အလှပဆုံး အမျိုးသားဝတ်စုံအဖြစ် မြန်မာမယ်စကြဝဠာ ထက်ထက်ထွန်းဝတ်ဆင်သော ရိုးရာရုပ်သေးဝတ်စုံကို ရွေးချယ်လိုက်ကြောင်း ကမ္ဘာ့အလှမယ်ပြိုင်ပွဲများကို...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှု များကို အခွန်စည်းကြပ်ခြင်း နှင့် ဒဏ်ကြေး သတ်မှတ်ခြင်း တို့အတွက် အကောက်ခွန် ဦးစီးဌာန၏ ညွှန်ကြား လွှာသစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးရေး ဌာန (ICIMOD) နှင့်ပူးပေါင်း၍ မဲခေါင်၊ ယန်စီနှင့် သံလွင်မြစ် တို့ မြစ်ဖျားခံရာ ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ...
နေပြည်တော်၊ ဇန်ဝါရီ ၂၇ ရက် (ဆင်ဟွာ) နိုင်ငံအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် ပါရီ သဘောတူညီချက်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး ဆောင်ရွက်ရာ ပါဝင်ကူညီရန် ကတိကဝတ်ပြုထားသည့် မြန်မာနိုင်ငံအတွက် နော်ဝေနိုင်ငံ အစိုးရ၏ အမေရိကန်ဒေါ်လာ ငါးသန်းခွဲကျော် ထောက်ပံ့မှု ဖြစ်သည့် (အမျိုးသား အဆင့်...
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦးအား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ပြည်ပသို့ တရားမဝင် ကျွန်းသစ်များ တင်ပို့သူကို ဖမ်းဆီးစစ်ဆေးရာမှ ကွန်တိန်နာ ၁၁လုံးအတွင်း၌ ထည့်ထားသော တရားမဝင် သစ်များထပ်မံဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။