Connect with us

Environment, Disasters & Accidents

ကောင်းမွန်သော စီမံအုပ်ချုပ်မှုတွင် ပြည်သူများ ပါဝင်မှု၊ ပါဝင်ခွင့်ရရှိမှုသည် အဓိကကျသည်ဟု ဆို

မဲခေါင်သစ်တောများ အလုပ်ရုံဆွေးနွေးပွဲ တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်း အဖွင့် စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ရေရှည်တည်တံ့သော သစ်တော စီမံအုပ်ချုပ်မှု၏ အဓိက သော့ချက်သည် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဖြစ်ပြီး ကောင်းမွန်သော စီမံ အုပ်ချုပ်မှု ခိုင်မာစေရေးမှာ ပြည်သူများ၏ ပါဝင်မှု ပါဝင်ခွင့် ရရှိမှုတို့က အဓိကကျနေသည်ဟု သယံဇာတနှင့် သဘဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ြကြီး ဦးအုန်းဝင်းက ယနေ့နံနက် ပြောကြားသည်။

“ကောင်းမွန်တဲ့ စီမံ အုပ်ချုပ်မှု ခိုင်မာစေရေးမှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ အထူးသဖြင့် အရပ်ဘက် ပြည်သူများရဲ့ ပါဝင်မှု ပါဝင်ခွင့် ရရှိမှုဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်၊ ဒါကြောင့် သစ်တောဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ တရားမဝင် သစ် ခုတ်လှဲ၊ ထုတ်လုပ်၊ သယ်ဆောင် ရောင်းဝယ်မှုတွေကို ကာကွယ်တားဆီးနိုင်ရေး လူထု အခြေပြု စောင့်ကြည့်ခြင်းနဲ့ သတင်းပို့စနစ် (CMRS:_ Community Monitoring and Reporting System) ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်” ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့ နံနက် ပြုလုပ်သော “မဲခေါင် သစ်တောများအတွက် ဒေသခံတို့၏ အသံ” စီမံကိန်း၏ ကနဦး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းကို မဲခေါင်ဒေသတွင်း နိုင်ငံများ ဖြစ်သည့် မြန်မာ ထိုင်း လာအို ဗီယက်နမ်နှင့် ကမ္ဘော ဒီးယား နိုင်ငံတို့တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်ကြာ ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံတွင် တနင်္သာရီ – ဒေါန ဂေဟ ဆက်စပ်နယ်မြေ၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

မဲခေါင်သစ်တောများ အလုပ်ရုံဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂကိုယ်စားလှယ် Ms. Delphine နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

မဲခေါင်သစ်တောများ အလုပ်ရုံဆွေးနွေးပွဲတွင် MERN ဥက္ကဋ္ဌ ဒေါက်တာကျော်တင့် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

မဲခေါင်သစ်တောများ အလုပ်ရုံဆွေးနွေးပွဲတွင် RECOFTC စီမံကိန်း တာဝန်ခံ Mr. Etienne Delattre မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

“မဲခေါင်ဒေသကို အမှီပြုနေတဲ့ လူဦးရေ ၈၅ သန်းလောက်မှာ ၃၀ ရာခိုင်နှုန်းလောက်က ဆင်းရဲ နွမ်းပါးမှု မျဉ်းရဲ့ အောက်မှာ နေနေကြရပါတယ်၊ မဲခေါင်ဒေသတွင်း သစ်တော ပြုန်းတီးမှုကို ကြည့်ရင် ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၄ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းတာတွေ့ရပါတယ်၊ မြန်မာနိုင်ငံ မှာတော့ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ နှစ်စဉ် သစ်တော ပြုန်းတီးမှု ၁ ဒသမ ၇ ရာခိုင်နှုန်းလောက် ရှိပါတယ်၊ သစ်တောပြုန်းတီးစေတဲ့ အကြောင်းရင်းတွေက များစွာ ရှိပါတယ်၊ ကိုင်တွယ်ဖြေရှင်းဖို့ ကောင်းမွန် ခိုင်မာတဲ့ သစ်တော စီမံ အုပ်ချုပ်မှုက အဓိက ကျပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ထိုသို့ ကောင်းမွန်ခိုင်မာသော စီမံခန့်ခွဲမှုတွင် အဓိကကျသည့် လူထု အခြေပြု စောင့်ကြည့်ခြင်းနှင့် သတင်းပို့စနစ် (CMRS) သည် လက်တွေ့၌ သိသာသော ထိရောက်မှုများ ရရှိနေပြီ ဟုလည်း ၎င်းက မီဒီယာသို့ အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ ကနဦး အလုပ်ရုံ ဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Delphie၊ သစ်တောဦးစီးဌာန၏ မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော လေ့ကျင့်ပညာပေးရေး ဗဟို ဌာန (RECOFTC:_ Centre for the People and Forest) စီမံကိန်း တာဝန်ခံ Mr. Etienne Delattre၊ မြန်မာ့ ပတ်ဝန်းကျင် ထူထောင် ထိန်းသိမ်းရေး ကွန်ယက် (MERN:_ Myanmar Environmental Restorationn Network)ဥက္ကဋ္ဌ ဒေါက်တာ ကျော်တင့် နှင့် WWF (World Wildlife Fund) မှ တာဝန်ခံများ တက်ရောက်ခဲ့ကြပြီး နှုတ်ခွန်းဆက် အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။

စီမံကိန်း၏ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး MERN ဥက္ကဋ္ဌ ဒေါက်တာကျော်တင့်က “စီမံကိန်းကာလ ပြီးဆုံးတဲ့ ၂၀၂၁ ခုနှစ်မှာ ထိုင်း- မြန်မာနယ်စပ် ဒေါန – တနင်္သာရီ သစ်တောနယ်မြေ၊ ထိုင်း – လာအို နယ်စပ် သစ်တောနယ်မြေ၊ ဗီယက်နမ် – လာအို – ကမ္ဘောဒီးယား နယ်စပ် သစ်တောနယ်မြေ တွေမှာ ရှိတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ သစ်တော ရေရှည် တည်တံ့ရေး စီမံခန့်ခွဲရာမှာ ပါဝင် စီမံ ဆောင်ရွက်မှု အခွင့် အာဏာနဲ့ ကွန်ယက် ချိတ်ဆက် ဆောင်ရွက်မှုတွေ ရရှိကြမှာ ဖြစ်ပြီး အဲဒီ သစ်တော နယ်မြေ သုံးခုမှာ သစ်တော စီမံခန့်ခွဲမှု ပိုမို အားကောင်းစေရေးအတွက် အကဲဖြတ် ဆန်းစစ်တဲ့ လုပ်ငန်းတွေမှာသာမက မူဝါဒ လုပ်ငန်းစဉ်တွေမှာပါ ထိရောက်စွာ ပါဝင်နိုင်မှာ ဖြစ်ပါ တယ်” ဟု ရှင်းလင်း ပြောကြားခဲ့သည်။ ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာ – ထိုင်း နယ်စပ် သစ်တော နယ်မြေအတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် မျှော်မှန်း ရလဒ်များကို ချပြ ဆွေးနွေးကြ မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.