Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်

ထုံးမကြီးကျေးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့စဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

မေလ တတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၆-ပေမှ ၈-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၃-ပေမှ ၅-ပေခန့်၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ရေသည် မေလ၊ တတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့ နှင့်မော်လိုက်မြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့ တို့တွင် ၂-ပေမှ ၄-ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.