Connect with us

Environment, Disasters & Accidents

မုံရွာမှ ဟုမ္မလင်းသို့ ဆန်တက်လာသော ဇေယျာသောင်းအမြန်ရေယာဉ် အင်ဂျင်စက်ခန်း မီးလောင်မီးမှု ဖြစ်ပွား

ဇေယျာသောင်းအမြန်ရေယာဉ် အင်ဂျင်စက်ခန်းမီးလောင်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်အတွင်း မုံရွာမှ ဟုမ္မလင်းသို့ ဆန်တက်လာသော ဇေယျာသောင်းအမြန်ရေယာဉ် မှာ မေလ ၁၆ ရက်နေ့ နံနက်(၉း၀၀) နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဆင်အိုကျေးရွာအုပ်စု၊ အိုင်သားကျေးရွာမြောက်ဘက် (၁)ဖာလုံ အကွာ၌ အင်ဂျင်ပေါ်တွင် ရှိသော ဆီပိုက်မှဆီယိုစိမ့်မှုကြောင့်မော်တော် အင်ဂျင်စက်ခန်း မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ရေယာဉ်အင်ဂျင်စက်ခန်း မီးလောင်ရာတွင် ရေယာဉ်လုပ် သားများ၊ ရေယာဉ်ပေါ်ပါခရီးသည် များနှင့် ကျေးရွာ ပြည်သူများဝိုင်းဝန်း မီးများငြိမ်းသတ်ခဲ့ရ၍ မီးငြိမ်းသွားခဲ့ပြီး ယင်းရေယာဉ်အား အိုင်သားကျေးရွာ အနီးမြစ် ကမ်းနံဘေး၌ ဆိုက်ကပ်ထားရှိကာ ၎င်းရေယာဉ်ပေါ်တွင် ခရီးသည် (၄၆)ဦး လိုက်ပါလာပြီး ခရီးသည် များအားလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။ အဆိုပါ အမြန်ရေယာဉ် အင်ဂျင်ခန်းမီးလောင် ကျွမ်းမှု ကြောင့် (၁၀)လုံးထိုး အင်ဂျင်၏ Air Cylinder နှင့် ဆီပိုက်မီးလောင်ပျက်စီးခြင်း၊ ချန်ချိုင်းတံဆိပ်ပါ မြင်းကောင် ရေ ၁၂/၁၃ရှိ တစ်းလုံးထိုးအင်ဂျင်တစ်လုံး၊ (၃)ကီလို ဒိုင်နမိုမော်တာတစ်လုံး နှင့် CZI အမျိုးအစား (125)မော်တော် ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးဆုံရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါအမြန်ရေယာဉ် ပေါ်ပါခရီးသည်များအား ဇွဲရတနာအမြန်ရေ ယာဉ်ဖြင့် ခရီးဆက်လက်သွားလာ နိုင်ရေး စီစဉ်ထားရှိပြီး ကနီမြို့နယ် ဝင်မနားနယ်မြေရဲစခန်းတွင် ဇေယျာသောင်းအမြန်ရေယာဉ် ကိုယ်စားလှယ် ကိုစိုးသူ (ဘ)ဦးအောင်းရွှေ၊ ပင်တင်းကျေးရွာ၊ မင်းကင်းမြို့နယ်နေသူအား ရေယာဉ်ပေါ့ဆစွာမီးလောင်ကျွမ်း မှုကြောင့် အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117