Connect with us

Culture & Entertainment

ရန်ကုန် စတော့အိတ်ချိန်း အဆောက်အအုံတွင် ရန်ကုန် မြို့ပြ အမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်

ရန်ကုန် စတော့အိတ်ချိန်း အဆောက်အအုံတွင် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်စဉ်(ဓာတ်ပုံ-YHT)

ရန်ကုန် ၊ မေ ၁၆ ရက်(ဆင်ဟွာ)

ရန်ကုန် စတော့အိတ်ချိန်း(ယခင် ပြည်ထောင်စုဘဏ်) အဆောက်အအုံတွင် ရန်ကုန် မြို့ပြ အမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြားကို ယနေ့မေ ၁၆ ရက်တွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

ဆူးလေ ဘုရားလမ်း နှင့် ကုန်သည် လမ်းထောင့်တွင် တည်ရှိသော ယင်းအဆောက်အအုံကို မူလက အိန္ဒိယ ရီဇတ်ဖ်ဘဏ် အဖြစ် အသုံးပြုရန် ဒီဇိုင်း ရေးဆွဲခဲ့ပြီး ၁၉၃၉ ခုနှစ် မတ်လတွင် တည်ဆောက် ပြီးစီးခဲ့သည်။

လွတ်လပ်ရေး ရအပြီး ၁၉၄၈ ခုနှစ်တွင် ထိုအဆောက်အအုံတွင် ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်ကို တည်ထောင်ခဲ့ပြီး ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ပထမဆုံး မြန်မာကျပ်ငွေများကို ယင်း အဆောက်အအုံ၌ ထုတ်ဝေခဲ့သည်။

ရန်ကုန် စတော့အိတ်ချိန်း အဆောက်အအုံတွင် တပ်ဆင်ထားသော အပြာရောင် ကမ္ဗည်းပြားအား တွေ့ရစဉ်(ဓာတ်ပုံ-YSX)

ထိုနောက် အဆောက်အအုံကို မြဝတီဘဏ်က နှစ်အတန်ကြာ အသုံးပြုခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် ရန်ကုန် စတော့ အိတ်ချိန်း အဖြစ် ဖွင့်လှစ် အသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်တွင် စတော့ အရောင်းအဝယ်များကို စတင်နိုင်ခဲ့ကြောင်း သိရသည်။

ယခု တပ်ဆင်သော အပြာရောင် ကမ္ဗည်းပြားသည် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ ၁၈ ခုမြောက် ကမ္ဗည်းပြား ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်းသည် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က လုပ်ဆောင်နေသော စီမံချက်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ရန်ကုန် မြို့ပြ သမိုင်းကြောင်းတွင် အရေးပါခဲ့သော အဆောက်အအုံများ နှင့် လူပုဂ္ဂိုလ်များအား အထိမ်းအမှတ် ပြုရန် ရည်ရွယ်ကြောင်း ၊ အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်ခြင်းဖြင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ ပြည်သူများ နှင့် ခရီးသွားများ လေ့လာနိုင်မည်ဟု ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ယုံကြည်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.