Connect with us

Environment, Disasters & Accidents

ပေါက်တောမြို့၌ မီးလောင်ကျွမ်းမှု ၁၄ ဦး မီးလောင် ဒဏ်ရာရ

ပေါက်တောမြို့ ၌ မီးလောင်ကျွမ်းမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-State Counsellor Office Information Committee)

ရန်ကုန် ၊ မေ ၁၇ ရက်(ဆင်ဟွာ)

ပေါက်တောမြို့နယ် ရပ်ကွက် ၃ ရှိ စက်သုံးဆီနှင့်ကုန်စုံရောင်းချသောဆိုင်မှစတင်၍ မေ ၁၇ ရက် နံနက် ၈ နာရီခွဲ အချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁ ဦး မီးလောင် ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။

မီးလောင်မှု ဖြစ်စဉ်မှာ ရပ်ကွက် ၃ တွင် ဖွင့်လှစ်ထားသော စက်သုံးဆီနှင့် ကုန်စုံ ရောင်းချသော ဈေးဆိုင် အတွင်း ဈေးဝယ်လာသူများက စွန့်ပစ်ခဲ့သော ဆေးလိပ်မီးမှတစ်ဆင့် ဓာတ်ဆီပုံးများသို့ မီးကူးစက် လောင်ကျွမ်းရာမှ စတင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူနေဈေးဆိုင်ခန်း ၁၄ ခန်း မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ဒဏ်ရာရရှိသူများအား ပေါက်တောဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ်သိန်း ၁၅၀ ခန့်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ ပေါက်တောမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.