Connect with us

Environment, Disasters & Accidents

တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၇ ခုနှစ် အထိ ၆၉ ကောင်ရှိ

ဒဏ်ရာရ တောဆင်ရိုင်းအား ဆေးကုသမှုများ ဆောင်ရွက်ပေးစဉ်(ဓာတ်ပုံ-Forest Department)

ရန်ကုန် ၊ မေ ၁၈ ရက်(ဆင်ဟွာ)

တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ လုံးဝ ကာကွယ် ထားသည့် တောဆင်ရိုင်းများ အနက် သတ်ဖြတ် ခံရသည့် တောဆင်ရိုင်း ကောင်ရေမှာ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၇ ခုနှစ်အထိ စုစုပေါင်း ၆၉ ကောင် ရှိကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ တောဆင်ရိုင်း ကောင်ရေ ၂ဝဝဝ ခန့်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းရပြီး ဆင်မုဆိုးများ၏သတ် ဖြတ်ခြင်းမှ ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်နိုင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

ထို့အတူ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် အုန်းတကူးကျေးရွာအနီး ယခု မေလအတွင်း ဒဏ်ရာရ တောဆင်ရိုင်းတစ်ကောင်ဖြင့် တွေ့ရှိ သဖြင့် ဆင်သွားရာလမ်းကြောင်း တစ်လျှောက် လိုက်လံစောင့်ကြပ်၍ ဆေးကုသပေးလျက်ရှိပြီး တောဆင်အား ဒဏ်ရာရရှိ အောင်ပြုလုပ်ခဲ့သည့် တရားခံ များအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း ကာ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.