ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) မြန်မာ့လယ်ယာကဏ္ဍတစ်ခုလုံးကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍမှ စံပြအဖြစ် ဦးဆောင်သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်(U.M.F.C.C.I) ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ကြောင်း (U.M.F.C.C.I) မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အား ယနေ့ နံနက် ၉နာရီအချိန်တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့သုံးဖွဲ့မှ ဦးဆောင်ကျင်းပသော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၃၃)မိနစ် (၂၁)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက်(၂၁၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၃၀)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး...
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) သကြားထွက် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်း ရေရှည် တည်တံ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြံခိုက် တောင်သူ၊ သာကားချက်စက်နှင့် ပြည်ပ သကြားတင်သွင်းမှု အားလုံးကို ဟန်ချက်ညီအောင် ထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် မြန်မာ့ ကြံနှငိ့ သကြားဥပဒေ...
နေပြည်တော်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့တိုင်းရင်းဆေး သမားတော်များ၏ (၁၇)ကြိမ်မြောက် ညီလာခံတွင် သမားတော်များ တင်သွင်းမည့် အဆိုပြုချက်များသည် တိုင်းရင်းဆေးလောကအတွက်သာမက ပြည်သူ တစ်ရပ်လုံးအတွက် အကျိုးရှိသည့် အဆိုပြုချက်များ ဖြစ်သင့်သည်ဟု တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရီရီမြင့်က နေပြည်တော် MICC II...
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့ နေပြည်တော်တွင် ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ရန်ကုန်မြို့တွင်း စုပေါင်း ပြေးဆွဲသည့် စနစ်သစ်ဖြင့် ဘတ်စ်ကားလိုင်းများအား လေ့လာဆန်းစစ်မှုများ အရ ကားအရေအတွက် နှင့် ပြည်သူလူထု မညီမျှ ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ဇန်နဝါရီ ၁၇ ရက်တွင် YBS ကားလိုင်းဖြင့် လိုက်ပါ...
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန် လုပ်ငန်းလုပ်သူ ပျောက်ဆုံးနေသော ရာအိမ်မှူးဟောင်းတစ်ဦးကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ၎င်းအား အစိုးရ သတင်းပေးဟု စွပ်စွဲကာ နှိပ်စက်ညှင်းပန်းခံထားရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ၃ ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။