Connect with us

Sport

ယူ-၁၈ အသင်းအား ပြင်သစ်နိုင်ငံသား နည်းပြ ရာဘက်ရှ် ဘန်လာဘီကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်သွားမည်

ပြင်သစ်နိုင်ငံသား နည်းပြ ရာဘက်ရှ် ဘန်လာဘီအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF သည် ၂၀၁၇ အာဆီယံ ယူ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှ ယူ၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသော မြန်မာ့ လက်ရွေးစင် ယူ-၁၈ အသင်းအား ပြင်သစ်နိုင်ငံသား နည်းပြ ရာဘက်ရှ် ဘန်လာဘီကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စာရင်းထုတ်ပြန်သည်။

ဘန်လာဘီသည် လက်ရှိအချိန်တွင် မြန်မာယူ၁၅ အသင်းနည်းပြချုပ်အနေဖြင့် တာဝန်ယူလျက်ရှိရာ အဆိုပါ မြန်မာ ယူ(၁၅)အသင်း၏ နည်းပြချုပ် အဖြစ် ယခင် မြန်မာ ယူ၁၈ အသင်းနည်းပြချုပ် ဦးညီညီလတ် အားပြောင်းလဲ တာဝန်ပေးသွားမည် ဖြစ်သည်။

ဘန်လာဘီသည် UEFA (A) လိုင်စင်နှင့် UEFA Youth Elite (A) လိုင်စင်ရ နည်းပြ တစ်ဦးဖြစ်ပြီး ကစားသမား ဘဝက ပြင်သစ်ကလပ် PSG , Lens စသည့် အသင်းများတွင် ကစားခဲ့သူ တစ်ဦးဖြစ်သည်။ နည်းပြဘဝကို ၁၉၉၈ခုနှစ် က ဝင်ရောက်ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ ခုနှစ်အထိ ဂျပန်ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ J-Village Fukushima တွင် လူငယ်စီမံကိန်း နည်းပြ၊ ၂၀၀၇ ခုနှစ် မှ ၂၀၁၁ အထိ UAE လက်ရွေးစင်အသင်း နည်းပြ၊ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အထိ Shenzhen FC လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နည်းပြဖြစ်သည်။ ထို့အပြင် အီရန်၊ တရုတ်၊ ဂျပန် သက်တမ်းအလိုက် လူငယ်အသင်းများနှင့် အမျိုးသမီးအသင်းများတွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.