Connect with us

Environment, Disasters & Accidents

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယာဉ်တိမ်းမှောက်မှု ၁၉ဦးသေဆုံး

ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသူတချို့အားတွေ့ရစဉ်(ဓာတ်ပုံ- နေနော်(မြ၀တီ))

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၁၉ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်လင်းဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

သေဆုံးသူ ၁၉ ဦးတွင် အမျိုးသား ၈ဦး၊ အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန် ထိ ဒဏ်ရာရရှိသူ ၂၁ဦး မြဝတီပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုတွင် ကူညီ ကယ်ဆယ် နေကြသူများအားတွေ့ရစဉ်(ဓာတ်ပုံ- နေနော်(မြဝတီ))

ရဲအုပ်ကျော်လင်းဦးက “ကားပေါ်မှာက ယာဉ်မောင်းအပါအဝင် အယောက် ၄၀ ပါတယ်။ ယာဉ်မောင်းလည်း သေဆုံးသွားခဲ့တယ်။ လောလောဆယ် အနေအထားမှာတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကူညီကယ်ဆယ်ရေးကိုပဲ အဓိကထားပြီး ဆောင်ရွက်နေပါတယ်’’ ဟုပြောသည်။

ကရင်ပြည်နယ် ကော့ကရိတ်မှ မြဝတီသို့အတက် ကွမ်းခြံကွေ့အဆင်းမှာ လမ်းချော်ထွက်ပြီး ပေ ၃၀၀ ဝန်းကျင်ရှိချောက်ထဲ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.