Connect with us

Education & Health

တစ်နှစ်အတွင်း ကျန်းမာရေး ဝန်ထမ်း ၁၃၀၀၀ ဦးကျော် အသစ် ခန့်ထားနိုင်ခဲ့ဟု ဆို

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲတွင် ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း သွားဘက်ဆိုင်ရာ သစ်လွင် ဆရာဝန် ၁၇၀၀ ကျော်နှင့် ဆရာဝန် ၂၈၁ ဦး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း ၁၃၃၇၆ ဦးတို့ကို ခန့်အပ်ခဲ့နိုင်ခဲ့ သည်ဟု ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက နေပြည်တော် ပြန်ကြားရေး ဝန်ကြီးရုံးတွင် ယနေ့ ညနေ ပြုလုပ်သည့် အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများ သတင်းစာ ရှင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီ တစ်နှစ်အတွင်းမှာ သစ်လွင် ဆရာဝန်ပေါင်း ၁၇၀၇ ဦး သွားဆရာဝန် ၂၈၁ ဦး အပါအဝင်၊ သူနာပြု ၁၅၅၁ ဦး၊ သားဖွားဆရာမ ၁၉၅၉ ဦးနဲ့ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) သးုံထောင်ဦးတို့ကို ကျွန်တော်တို့ ခန့်ထားပေးနိုင်ခဲ့ပါတယ်” ဟု၎င်းက ပြောသည်။

ထို့အပြင် ကျန်းမာရေး လူ့စွမ်းအား ဖွံ့ဖြိုးရေးအတွက် သူနာပြု သားဖွားသင်တန်းကျောင်း ၅၀ ကျော်နှင့် သူနာပြု တက္ကသိုလ် နှစ်ခုတို့၏ သင်ရိုးညွှန်းတမ်းများကိုလည်း ခေတ်နှင့် လျော်ညီအောင် ပြင်ဆင် သတ်မှတ်နိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။.

ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး ၎င်းက “Health education အနေနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပညာပေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက် ပေးပါတယ်၊ လုပ်ငန်းခွင် ကျန်းမာရေး စောင့်ရှောက်မှုတွေ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်၊ ဒါ့အပြင် ကူးစက်ရောဂါ ကာကွယ် ကုသ စောင့်ရှောက်မှု လုပ်ငန်း တွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်၊ မကူးစက်တတ်တဲ့ ဆီးချို သွေးတိုး နှလုံး ရောဂါတွေအတွက် ပညာပေးခြင်း။ ကုသခြင်း၊ ပြန်လည် ထူထောင်ခြင်း လုပ်ငန်း တွေကို လည်း ဆောင်ရွက် ပေးနေပါတယ်၊ ဝန်ကြီးဌာနရဲ့ ဦးစီးဌာန ခုနစ်ခုနဲ့ ဆောင်ရွက် ပါတယ်၊ ဒါတွေကို ဆောင်ရွက်ရာမှာ မနှစ်ကတော့ ခွင့်ပြုငွေ ကျပ်ငွေ ၈၈၈ ဘီလျံနဲ့ဆောင်ရွက်ခဲ့ပြီး ကျပ်ငွေ တစ် ထရီလျံကျော်နဲ့ဆောင်ရွက်သွားပါမယ်၊ စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ဒီနှစ်ထဲမှာ အမျိုးသား ကျန်းမာရေး စီမံကိန်းကြီးကို ရေးဆွဲနိုင်ခဲ့ပါတယ်” ဟု ရှင်းပြခဲ့သည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနသည် ကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရင်းမှ သုတေသနဆိုင်ရာ ကျင့်ဝတ် စိစစ်ရေး ကော်မတီကို ခေတ်နှင့် အညီ သတ်မှတ်ပေးနိုင်ခဲ့ပြီး ငှက်ဖျားရောဂါဆိုင်ရာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ မိတ်ဖက် လေ့ကျင့်ရေးနှင့် သုတေသန ဌာန အဖြစ် ပြန်လည် အသိအမှတ်ပြုခံခဲ့ရကြောင်းလည်း ဒေါက်တာ သက်ခိုင်ဝင်းက ပြောပြခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ဆုတံဆိပ်များ ရရှိအောင် ကြိုးပမ်းနိုင်ခဲ့ရာ ၂၀၁၇ ခုနှစ် (၆)ကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အသင်းက ရွှေ နှစ်ခု၊ ငွေ လေးခု၊ ကြေး ခြောက်ခုဖြင့် နိုင်ငံအလိုက် ဒုတိယ ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ ကြောင်း၊ ၂၀၁၇ ဇန်နဝါရီတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ ဗိုဗီနမ် Championship ပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံက ရွှေ နှစ်ခု၊ ငွေ နှစ်ခု၊ ကြေး လေးခု ရရှိခဲ့ကြောင်း၊ Individual Women Foil ပြိုင်ပွဲတွင် ငွေ တစ်ခု၊ Individual Men Foil ပြိုင်ပွဲတွင် ငွေ တစ်ခုနှင့် Individual Men Epee ပြိုင်ပွဲတွင် ကြေး တံဆိပ် တစ်ခု ရရှိခဲ့ကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117