Connect with us

Education & Health

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း နှစ်မျိုး အသိပေးကြေညာချက်ထုတ်ပြန်

ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ အသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း နှစ်မျိုး အား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ အများပြည်သူသိရှိစေရန် အသိပေးကြေညာချက်ထုတ်ပြန်သည်။

ထိုအလှကုန်ပစည်းနှစ်မျိုးမှာ White Seoul Perfect အလှကုန်ပစ္စည်း တွင် Hydroquinone (+) ပါရှိကြောင်း၊ Cream + Write Face Cream တွင် Azelaic Acid (+) ပါရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်ချက်ထဲတွင် ပါရှိသည်။

အဆိပ်သင့်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီအကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ကိုယ်တွင်းအင်္ဂါများထိခိုက်ခြင်း နှင့် ရေရှည်သုံးစွဲပါက အရေပြားကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်းသိရသည်။

ထို့ကြောင့် အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီ နှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်သောကြောင့် ထိုသို့ကြေညာထားသည့် အလှကုန်ပစ္စည်းများတင်သွင်း၊ ဖြန့်ဖြူး ၊ ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ) အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းအသိပေးကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.