ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအပိုင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအပိုင်းတို့တွင် အောင်မြင်မှုရရှိစေရန် တပ်မတော်အနေဖြင့် ရွေးချယ်ခံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ခြင်းကို လာမည့် သုံးလအတွင်း အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန...
တောင်ကြီး ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့ရှိ ပရဟိတ ဂေဟာများမှ ကလေးငယ်များအား အာဟာရ ကျွေးမွေးခြင်းများအား ယနေ့ဖေဖော်ဝါရီ ၁၃ ရက်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၂၄ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်ထိ သုံးပတ်အတွင်း တရားမဝင် သစ် တန်ချိန် ၁၂၀၀ကျော် ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၃၀၀၀၀ကျော်အား ဖမ်းဆီးရမိထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ် ဆေးဝါးမှု ၈၀၈ မှုမှ တရားခံ အမျိုးသား ၁၀၂၀ ၊ အမျိုးသမီး ၁၄၃ ဦး စုစုပေါင်း ၁၁၆၃ ဦးအား ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ပင်လုံ ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ၂၁ ရာစု ပင်လုံ အနေဖြင့် သမိုင်း အသစ် ဖွင့်လှစ်ရန် ရှမ်းပြည်နယ် ၊ ပင်လုံမြို ့၌ ယနေ့ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပသော နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အင်းတော်ကြီးသဘာဝဘေးမဲ့တောကန်အတွင်း ပြီးခဲ့သည့်ဇန်နဝါရီလက ငှက်အကောင်ရေစာရင်းကောက်ယူမှုမှတ်တမ်းများအရ ငှက်အကောင်ရေပေါင်း ၁၇,၂၂၃ ကောင်ကို မှတ်တမ်းတင်စာရင်းကောက်ယူနိုင်ခဲ့ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) ၏သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ် နိုင်ငံတကာခရီးသွား ပြပွဲ (3rd Myanmar International TravelMart- MITM 2017) တွင် ပြခန်းပေါင်း ၇ဝ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ တာမိုးညဲ-ကွတ်ခိုင်သွားကားလမ်း၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက ယာဉ်ဝင် /ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ငွေကျပ်သိန်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိက လိုအပ်ချက်သည် ယုံကြည်မှုသာ ဖြစ်သောကြောင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြား သံသယ စိတ် ကင်းစင်ပြီး ခိုင်မာသည့် ယုံကြည်မှု ရရှိရန် ကြိုးပမ်း သွားဖို့လိုအပ်သည်ဟု (၇၀) ကြိမ်မြောက် ပြည်ထောင်စု...