Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် ၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှု နှင့် မိုးသီးကြွေကျမှု တို့ကြောင့် လူနေအိမ်များ ပျက်စီး

တိုင်းဒေသကြီး/ပြည်နယ် တစ်ချို့ တွင် သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် ၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဧပြီ ၂ ရက် နှင့် ၃ ရက် နေ့များတွင် လေပြင်းတိုက်ခတ်မှု နှင့် မိုးသီးကြွေကျမှု တို့ကြောင့် နေအိမ် ပြိုကျ ပျက်စီး ၊ ဘေးသင့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ် အတွင်း နမ့်ခမ်း ၊ သိန္ဒီ ၊ မိုင်းဆတ်မြို့နယ် ၊ ချင်းပြည်နယ် အတွင်း တွန်းဇံမြို့နယ် ၊ ကချင် ပြည်နယ် ၊ ရွှေကူမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျွန်းလှ ၊ ထီးချိုင့် ၊ ဗန်းမောက် ၊ ကောလင်း ၊ ဝန်းသို ၊ တန့်ဆည် ၊ ကသာမြို့နယ် တို့တွင် လေပြင်းတိုက်ခတ်မှု နှင့် မိုးသီးကြွေကျမှုများကြောင့် နေအိမ် ပြိုကျ ပျက်စီးမှုများ ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများ ရှိခဲ့ပြီး အိမ်ထောင်စုများ ဘေးသင့်မှုများ ဖြစ်ပွားခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ဘေးများကြောင့် ထိခိုက် ခံစားရသော ပြည်သူများ အတွက် ကူညီ ထောက်ပံ့မှု များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိပါကြောင်း သတင်း ထုတ်ပြန်ထားသည်။

ပြည်သူလူထုများအနေဖြင့် လေပြင်းဘေးအပြင် အခြားသဘာဝဘေး အ္တရာယ်ကြုံတွေ့ပါက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန(ရုံးချုပ်) -ဝ၆၇-၄ဝ၄၆၆၆ Hot Line No များ -ဝ၆၇-၄ဝ၄၇၇၇ – ဝ၆၇-၄ဝ၄၂၂၂ သို့အရေးပေါ် ဆက်သွယ် နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.