Connect with us

Science & Technology

ဟိမဝန္တာလေကြောင်းလိုင်းတိုးချဲ့ပျံသန်းမည်

ဟိမဝန္တာလေကြောင်းလိုင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ မှ နီပေါနိုင်ငံ ခတ္တမန္ဒူသို့ တိုက်ရိုက် ပျံသန်းနေသော Himalaya(ဟိမဝန္တာ) လေကြောင်းလိုင်းကို အောက်တိုဘာလမှစ၍ တစ်ပတ်လျှင်နှစ်ရက် တိုးချဲ့ပျံသန်းနိုင် ရန်စီစဉ်ထားကြောင်း အဆိုပါလေကြောင်း လိုင်း၏ မြန်မာနိုင်ငံတာဝန်ခံ Unique Asia ခရီးသွားကုမ္ပဏီမှ သိရသည်။

လက်ရှိတွင် Himalaya လေကြောင်း လိုင်းကို အပတ်စဉ် သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် ပျံသန်းနေပြီး ယခုနှစ် အောက်တိုဘာလမှ စတင်ကာ တနင်္လာနေ့ တွင်ပါ တိုးချဲ့၍ တစ်ပတ်နှစ်ကြိမ် ပျံသန်းနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ထို့ပြင် ခရီးသည် ရရှိမှုပေါ်မူတည်၍ တိုးချဲ့ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။

Himalaya လေကြောင်းလိုင်းကို မြန်မာနိုင်ငံ ရောက်နီပေါ နိုင်ငံသား သုံးသိန်းခန့်ကို ၎င်းတို့နေရပ်သို့ တိုက်ရိုက်သွားလာ နိုင်ရန်နှင့် လုမ္ဗိနီမြို့သို့ ဘုရားဖူးသွား ရောက်လိုသည့် ခရီးသွားများအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ၂၄ ရက်က စတင်ပျံသန်း ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117