ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားမှုပေါင်း ၂၆၀ မှု နှင့် လောင်းကြေးငွေ ကျပ်သိန်း ၂၀၀ ကျော်ဖမ်းဆီးရမိခဲ့မိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိရာ လူနှင့် ပစ္စည်းအဝင်အထွက်များကို စနစ်တကျ စစ်ဆေးနိုင်ရေးအတွက် မောင်တောမြို့တွင် နယ်စပ်စစ်ဆေးရေးဂိတ် (Pass of Entry and Exit – POE) ထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနထံမှ...
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ပြည်တွင်း ဆေးဝါးဈေးကွက်အတွင်း အနောက်တိုင်းဆေးရောနှောထားသော တိုင်းရင်းဆေးနှစ်မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။ ကျန်းမာရေးဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသော သူရိယ ပန်းနာရင်ကျပ်ပျောက်ဆေးနှင့် ပိ(စ်) ပွေးဆေးရည်နှစ်မျိုးထဲတွင် အနောက်တိုင်းဆေးများ ရောနှောထားသဖြင့် သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေပြည်တော်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) အနာဂတ်နိုင်ငံတော်၏ သားကောင်း ရတနာများ ဖြစ်သည့် ကလေးငယ်များကို ကလေးစာပေများ၊ ကလေးစာဖတ်ခန်းများ၊ ကလေးကဗျာများနှင့်အတူ ပြုစု ပျိုးထောင်ပေးကြရန် အကြံပြု တိုက်တွန်းကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ နေပြည်တော် MICC II တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ...
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်အုပ်စု၊ ထုံးဘိုရပ်ကွက်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ မီးရှို့ဖျက်စီးခဲ့ပြီးနောက် အဆိုပါ နေရာအနီးတွင် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးများဆောင်ရွက်နေကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) FIFA 11 For Health နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ နေ့လည် ၁နာရီခွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA 11 for Health ပရောဂျက်မန်နေဂျာ ကလော်ဒီယာ...
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် အတွင်း တည်ဆောက်လျက် ရှိသည့် ပြည်တွင်း ခရီးသည် ထွက်ခွာဆောင် Terminal 3 အဆောက်အအုံ သစ်ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန...
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ပန်းဆိုးတန်းနှင့် ကျုံးကြီးကြား ကမ်းနားလမ်း တစ်လျှောက်တွင် အများပြည်သူသုံး သန့်စင်ခန်းများ တည်ဆောက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁ဝ အထိ မြင့်တက်လျက်ရှိကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမ ဦးစီးဌာန၏ တိုင်းတာချက်များအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော မောင်တောမြို့နယ်အတွင်းသို့ လူသားချင်းစာနာမှု အကူညီများ နိုဝင်ဘာ ၆ရက်နေ့လောက်တွင် စတင်ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဌာနေ ညှိုနှိုင်းရေးမှူး Ms. Renata Dessallin က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။