Connect with us

Education & Health

အနောက်တိုင်းဆေးရောနှောထားသော တိုင်းရင်းဆေးနှစ်မျိုးကို သုံးစွဲရန် မသင့်ဟု ထုတ်ပြန်

အနောက်တိုင်းဆေးရောနှောထားသော တိုင်းရင်းဆေးများဝါးများဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသော ထုတ်ပြန်ချက် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ပြည်တွင်း ဆေးဝါးဈေးကွက်အတွင်း အနောက်တိုင်းဆေးရောနှောထားသော တိုင်းရင်းဆေးနှစ်မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။ ကျန်းမာရေးဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသော သူရိယ ပန်းနာရင်ကျပ်ပျောက်ဆေးနှင့် ပိ(စ်) ပွေးဆေးရည်နှစ်မျိုးထဲတွင် အနောက်တိုင်းဆေးများ ရောနှောထားသဖြင့် သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း တိုင်းရင်းဆေးဝါး ၂ မျိုးတွင် Salicylic acid နှင့် Aminophylline ဆိုသည့် အနောက်တိုင်းဆေးများ ရောနှောထားကြောင်း စိစစ် တွေ့ရှိရသဖြင့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်ခြင်း ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များအရ တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်း တိုးခြင်းအား ခွင့်မပြုကြောင်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရုပ်သိမ်းခြင်းအား ဆက်လက် ဆောင်ရွက်မည်ဖြစ်၍ ဝယ်ယူသုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးနှိုးဆော်ခဲ့သည်။ (Xinhua)