Connect with us

Sport

FIFA 11 For Health နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

FIFA 11 For Health နည်းပြသင်တန်းဆင်းပွဲအခမ်းအနားအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

FIFA 11 For Health နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ နေ့လည် ၁နာရီခွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA 11 for Health ပရောဂျက်မန်နေဂျာ ကလော်ဒီယာ ဂရက်ဆာ၊ FIFA 11 for Health အာရှဒေသလုံးဆိုင်ရာ အထွေထွေညှိနှိုင်းရေးမှူး မစ္စတာဂျေဆင်း၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် FIFA 11 for Health ပရောဂျက်များကို ၂၀၁၂ ခုနှစ်မှ ယခု ၂၀၁၆ ခုနှစ်အထိ လေးနှစ်တိုင်တိုင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အကူအညီဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၀၀၀၀ ကျော်ခန့်ကို လေ့ကျင့်ပေးနိုင်ခဲ့ပြီး နည်းပြဆရာ ၆၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည် FIFA 11 for Health ပရောဂျက်များကို ၁၀ နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ ၂သန်းနှင့် နည်းပြဆရာ၊ ဆရာမ ၆၀၀၀ ခန့် မွေးထုတ်ပေးရန် သတ်မှတ်ထားသည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သတ်မှတ်အရေအတွက် ပြည့်မီရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေဖြင့် FIFA 11 for Health ပရောဂျက်များအတွက် ငွေကြေးထောက်ပံ့မှုကို ၄ နှစ်သာ ထောက်ပံ့ပေးမည်ဖြစ်သည့်အတွက် ကျန်ရှိသည့် ၆ နှစ်ကို ပညာရေးဝန်ကြီးဌာနနှင့် စပွန်ဆာများ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.