Connect with us

Science & Technology

ပြည်တွင်း ခရီးသည် ထွက်ခွာဆောင် Terminal 3 အဆောက်အအုံ သစ်ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် အတွင်း တည်ဆောက်လျက် ရှိသည့် ပြည်တွင်း ခရီးသည် ထွက်ခွာဆောင် Terminal 3 အဆောက်အအုံ သစ်ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်း အဆောင်သစ်သည် ပြည်တွင်းခရီးသည် ထွက်ခွာဆောင် ဖြစ်ပြီး ခရီးသွားဧည့် သည်များ အဆင်ပြေ လွယ်ကူစွာ အသုံးပြု နိုင်ရေးအတွက် Terminal 1 နှင့် Terminal 2 တို့ကို ဖွင့်လှစ် နိုင်ခဲ့ပြီး ယခု Terminal 3 ကို အချိန်မီ ပြီးစီးရေး ဆောင်ရွက်လျက် ရှိပြီး အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများလည်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် အတွင်း တည်ဆောက် ခဲ့သော တိုးချဲ့လေဆိပ် အဆောင်သစ်များ ဖြစ်သည့် Terminal 1 ကို မတ်လအတွင်းက ဖွင့်လှစ်ခဲ့ပြီး အဆောက်အအုံ သစ်သည် အလျား ၂၄ဝ မီတာ၊ အကျယ် ၉၇ ဒသမ ၇ မီတာရှိ RC & Steel Building ဖြစ်ကာ မြေအောက်ခန်း အပါအဝင် ငါးထပ် အဆောက်အအုံ ဖြစ်သည်။ ယင်း အဆောက်အအုံ တွင် ယာဉ်ရပ်နားသည့် နေရာမှ ဝင်ထွက် သွားလာနိုင်သော အလျား ၁ဝ၁ မီတာ၊ အမြင့် ၂၄ ဒသမ ၄ မီတာရှိ Sky Link နှင့်ဆက်သွယ် ဆောက်လုပ် ထားကြောင်း သိရသည်။

ယခု တည်ဆောက် ထားသည့် တိုးချဲ့ဆောင် သစ်ကို လက်ရှိတွင် ပြည်ပ လေကြောင်းလိုင်း များက စတင် အသုံးပြုလျက် ရှိပြီး မကြာမီ Terminal 3 ကိုလည်း ဆက်လက်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.