Politics, Law & Military
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် ကိုရီးယားသမ္မတနိုင်ငံသံရုံး၊ သံရုံးယာယီ တာဝန်ခံ တို့တွေ့ဆုံစဉ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်စိုးသည် ကိုရီးယားသမ္မတ နိုင်ငံသံရုံး၊ သံရုံးယာယီ တာဝန်ခံ Mr. Kim Jung Han(မစ္စတာကင်ဂျွန်ဟန်) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ဆုံစဉ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ မှုခင်းသိပ္ပံ ဘာသာရပ်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်စိုးသည် ကိုရီးယားသမ္မတ နိုင်ငံသံရုံး၊ သံရုံးယာယီ တာဝန်ခံ Mr. Kim Jung Han ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၈)ရှိ ဒုတိယဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး (လုံခြုံရေး) ရဲမှူးကြီးကျော်ကျော်ဟန်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှ ဒုတိယဌာနကြီးမှူး ရဲမှူးကြီးတင်အောင်ဝင်း နှင့် သတင်းရဲတပ်ဖွဲ့မှ ဌာနမှူး(နိုင်ငံတကာ) ရဲမှူးကြီး ကျော်သီဟ တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)