Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြုလုပ်ရာ၌ ပြည်သူများ မထိခိုက်သော နည်းကို သုံးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆို

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူး ဆုတောင်းပြောကြားစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြုလုပ်ရာတွင် ပြည်သူများ မထိခိုက်သော နည်းကိုသာ သုံးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးသည် အင်မတန်မှ လေးလေး နက်နက်ကို ဆက်နွယ်မှု ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးကိုလည်း လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တစ်ခုကို ပေါက်ဖွားစေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုဖြစ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြုလုပ်သည့်အခါ ပြည်သူ လူထုကို မထိခိုက်သော နည်းများ သုံးမည်ဖြစ်ပြီး နိုင်ငံ အေးချမ်းမှုကို မထိခိုက်သည့် နည်းများနှင့် လုပ်ဆောင်သွားမည် ဖြစ်သည်။
အစိုးရသစ် ရည်ရွယ်ချက်သည် ပြည်သူများ၏ စွမ်းအင်များ၊ အရည်အချင်းများကို မြှင့်တင်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံ၌ ပြုပြင် ပြောင်းလဲစရာများစွာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အစိုးရသစ်သည် အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံ နည်းသဖြင့် တချို့ စိုးရိမ်နေကြကြောင်း အစိုးသစ်သည် အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များနှင့်အတူ လက်တွဲပြီး လုပ်ဆောင်ရန် ဝန်မလေးကြောင်း ၎င်းက ဆိုသည်။
“အရင်တုန်းက လုပ်ခဲ့တဲ့ သူတွေမို့လို့ ပစ်ပယ်တယ် ဆိုတာလည်း ကျွန်မတို့မရှိပါဘူး။ ကျွန်မတို့ ဟာ နိုင်ငံကို အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေ မည်သူ့ကိုမဆို လက်တွဲပြီးတော့ ကျွန်မတို့နဲ့ ပါဝင်ပြီးတော့ လုပ်စေချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.