Connect with us

Politics, Law & Military

အစိုးရသစ်နှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် UNFC ပြင်ဆင်

UNFC လိုဂိုတံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-UNFC)

ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အစိုးရသစ်နှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် NCA စာချုပ်တွင် လက်မှတ် ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း UNFC ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရသစ် သဘောထားကို တိုင်းရင်းသားများ သိရှိထားပြီး ဖြစ်၍ NCA စာချုပ်ကို ပြန်လည်ညှိနှိုင်းမှု အတွက် ပြင်ဆင်မှုများလည်း ပြုလုပ်ထားကြောင်း ၎င်းကဆိုသည်။

လက်ရှိ ရှမ်းပြည်နယ်တွင်း ဖြစ်ပေါ်နေသော ပဋိပက္ခ အခြေအနေ ဖြေရှင်းရေးများ အပါအဝင် အစိုးရသစ်နှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စများ ဆွေးနွေးရန် ၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အစိုးရနှင့် အပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မထိုးရသေးသော UNFC အဖွဲ့ ဝင်များ ဧပြီလ ၁၉ ရက်နေ့မှ စ၍ အစည်းအဝေးကို ၃ ရက်ကြာ ပြုလုပ်လျက် ရှိသည်။ (Xinhua)