Connect with us

Politics, Law & Military

ရွေးကောက်ပွဲ မဲရလဒ်တွေ ထုတ်ပြန်မှုမှာ ပွင်းလင်း မြင်သာမှုနဲ့ ရိုးသားမှု အရေးကြီးဟု အီးယူ သတင်းထုတ်ပြန်

ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ (EU EOM) မှ ဆီဒိုးနား ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် သမိုင်းဝင် ရွေးကောက်ပွဲ တစ်ခုဖြစ်ခဲ့ပြီး မဲပေးသည့် စနစ် များသည် ၉၄ ရာခိုင်နှုန်း ကောင်းမွန်ကြောင်း မှတ်ချက် ပြုထားသော်လည်း ကြိုတင်မဲပေးခြင်းများ မှာတော့ စီမံခန့်ခွဲမှုနှင့် ပွင့်လင်း မြင်သာမှု အားနည်းခဲ့သည်ဟု ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ (EU EOM) က ယနေ့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

EU EOM ၏ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က “ဒီရွေးကောက်ပွဲကြီးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းမှုမှာ သမိုင်းဝင် အချိတ်အဆက်ဖြစ်တယ်၊ အားလုံး သတိပြုမိဖို့လိုတာက ရွေးကောက်ပွဲ မပြီးဆုံးသေးဘူး ဆိုတာပါပဲ၊ မဲရလဒ်တွေ ထုတ်ပြန်မှု လုပ်ငန်းစဉ်ဟာ ဆောင်ရွက်ဆဲ ဖြစ်တယ်၊ ဒါဟာ လုပ်ငန်း စဉ်ရဲ့ အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး လုပ်ငန်းစဉ် တလျှောက်လုံးမှာ ပွင်းလင်းမြင်သာမှုနဲ့ ရိုးသားမှု ရေချိန်မြင့်မား စေဖို့က အရေးကြီးပါတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲအတွက် ဥရောပ သမဂ္ဂက ရွေးကောက်ပွဲ လေ့လာသူ ၁၅၀ ဦးဖြင့် ကျေးလက်ရော မြို့ပြမှာပါ မဲရုံ ပေါင်း ၅၀၀ ကျော်၌ စောင့်ကြည့် လေ့လာခဲ့သည်။ ရွေးကောက်ပွဲကို စနစ်တကျ စီစဉ်နိုင်ခဲ့ပြီး မဲဆန္ဒရှင်တွေဟာ အမျိုးမျိုးသော ကိုယ်စားလှယ်လောင်း တွေကြားမှာ မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့သည်။ သို့သော် နောင်မှာတော့ စစ်မှန်သော ရွေးကောက်ပွဲအတွက် အဖွဲ့အစည်း ဆိုင်ရာ၊ ဥပဒေပိုင်း ဆိုင်ရာနဲ့ လုပ်ထုံး လုပ်နည်းဆိုင်ရာ တိုးတက်မှုတွေတော့ လိုအပ်နေပါသေးသည်။ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာသူများသည် ရွေးကောက် ပွဲရလဒ်တွေ၊ စာရင်းဇယား သွင်းခြင်းနှင့် ဆက်စပ်သည့် အငြင်းပွားမှုတွေ၊ တောင်းဆိုမှုတွေကို ဆက်လက် လေ့လာဖို့ သက်ဆိုင်ရာ နေရာတွေမှာ ဆက်ပြီးရှိနေမည် ဟုဆိုသည်။

EU EOM မှ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff အား သတင်းစာ ရှင်းလင်းပွဲ၌ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ana Gomes က “မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီကို လိုလားတယ်ဆိုတာ ပြသခဲ့တယ်၊ ဒါဟာ လုပ်ငန်းစဉ်ရဲ့ အစပိုင်းပဲ ရှိသေးတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာ အားလုံး ပူးပေါင်း ပါဝင်နိုင်မှုနဲ့ မတူ ကွဲပြားမှုတွေကို လက်ခံ ထွေးပိုက်နိုင်တာလို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့၏ ရွေးကောက်ပွဲနှင့် ဆိုင်သော ပဏာမ ကြေညာချက်အား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက် တွင် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံများ၌ မဲပေးသည့်စနစ်မှာ လွန်စွာမှ အပြု သဘောဆောင်ပြီး ၉၄ ရာခိုင်နှုန်းသော မဲပေးလုပ်ငန်းစဉ်များကို “ကောင်းသည်” သို့မဟုတ် “အလွန်ကောင်း သည်” ဟု အမှတ်ပေးကြကြောင်း ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာသူများက သတင်း ပေးပို့ထားသည်။ တာဝန်ခံများ အနေနှင့်လည်း ကြိုးစား စီမံ အုပ်ချုပ်ခဲ့ကြသော်လည်း လုပ်ထုံး လုပ်နည်းအရ တသမတ်တည်း မရှိခြင်း၊ လွဲမှားမှုရှိခြင်းများကို သတိပြုမိခဲ့သည်။ သွားရောက်လေ့လာခဲ့သည့် မဲစာရင်းများ၌ မဲပေးသူ နာမည်များ ပါရှိသည်ကို တွေ့ရသော်လည်း ၇ ရာခိုင်နှုန်းသော မဲရုံများတွင် မဲစာရင်း၌ နာမည် မပါမှုများကို တွေ့ရှိရကြောင်း စသဖြင့်ပါဝင်သည်။
ရွေးကောက်ပွဲအတွက် ဝန်ထမ်းပေါင်း ငါးသိန်းခန့် သင်တန်းများပေးပြီး ရွေးကောက်ပွဲတွင် ရာနှင့်ချီသော အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်လေ့လာသူများကို လက်ခံ ခွင့်ပြုခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုထုတ်ပြန်ထားသော ကြေညာချက်မှာ ကနဦးထုတ်ပြန်ခြင်း ဖြစ်ပြီး ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာ ရေးအဖွဲ့ အကြံပြုချက်များ ပါဝင်သည့် အပြီးသတ် အစီရင်ခံစာအား လူထုထံသို့ မကြာမီ ချပြသွားမည်ဟု သိရသည်။ EU EOM တွင် ဥရောပ သမဂ္ဂ ၂၈ နိုင်ငံနှင့် နော်ဝေ၊ ဆွစ်ဇာလန်နိုင်ငံတို့မှ လေ့လာသူပေါင်း ၁၅၀ ဖြင့် ဖွဲ့စည်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.