နေပြည်တော်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ၂၀၁၉ ဇူလိုင်လ (၁)ရက်နေ့မှ စပြီး မိုဘိုင်းဖုန်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်မှု၌ ကုန်သွယ်လုပ်ငန်းခွန်အပြည့် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အခွန်မူဝါဒနှင့် သုတေသန ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) တောင်ငူ- လွိုင်ကော် ကားလမ်းမပေါ်တွင် ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၅နာရီဝန်းကျင်တွင် ကျပ် သိန်းပေါင်း ၂သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားခံ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ခုတွင် စစ်ရေးလှုပ်ရှားမှုအား ၂ လတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကိုဖြစ်စေသော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းတို့ကို ရရှိအောင် ဆောင်ရွက်မည် ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ လူထုတွေ့ဆုံပွဲတွင် ပါတီခေါင်းဆောင်သူရဦးရွှေမန်းပြောကြားခဲ့သည်။
နေပြည်တော်၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အသေးစိတ် အစီအမံများဖြင့် ဆောင်ရွက် ရန်၊ ပုံမှန် တိုးတက်မှု အစီရင်ခံစာ တင်ပြရန်နှင့် စနစ်တကျ ကြီးကြပ် ကွပ်ကဲပေးကြရန်...
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အသီးသီး ၏ သဘောတူညီချက်အရ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာကို ဇွန်လ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ဗဟိုစာရင်းအင်း အဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် UNDP တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် မြန်မာ့ နေထိုင်မှု အခြေအနေ စစ်တမ်း(၂၀၁၇) အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦး ဆင်းရဲနွမ်းပါး လျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံလူဦးရေ၏ ၂၄ ....
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၇၁,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၇၁၄ သိန်း) အားသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းများကိုသာမက မူးယစ်ဆေးဝါး ထုတ်လုပ်သူများ၊ မူးယစ်ရာဇာကြီးများ၏ သတင်းများကိုပါ တိတိကျကျ တိုင်ကြားပေးကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော် MICC II တွင် ယနေ့ ပြုလုပ်သော (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်...