ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားလိုသူ များသည် ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ လျှောက်ထားကြရန် ကော်မရှင်မှ အသိပေးကြေညာခဲ့သည်။
နေပြည်တော်၊ ဇွန် ၆ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှ ဇွန်လ ၆ ရက် ၊ ယနေ့အထိ ကျင်းပခဲ့သော ဒုတိယ အကြိမ် အမျိုး သား လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း...
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ၁၈၄၅မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ခုကို နိုင်ငံတကာအဆင့်မီမြှင့်တင်ပြီး one stop service ရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြိုးမင်းသိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ နံနက်(၈)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် နှင့်မြောက်ဥက္ကလာပ မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ စက်ရုံဖွဲ့စည်းပုံ(Layout)ကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်း/အပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှုအလေ့အကျင့်တို့ မရှိခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်ထားခြင်းမရှိခြင်းတို့ ကြောင့် စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ကြောင်း အစားအသောက် နှင့်...
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ၂၃,၆၅၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ်သိန်းပေါင်း ၅,၆၅၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၃၇,၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၄ ရက်(ဆင်ဟွာ) ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ကုန်သွယ်မှုလိုငွေမှာ ယမန်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၁၃၁၅ ဒသမ ၃ သန်းလျော့ကျခဲ့သည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စု လွှတ် တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏...