Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန်သွားရောက်သော ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ပြည်သူအချို့ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၌ တာဝန်ထမ်းဆောင်ရန်သွားရောက်သော ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ပြည်သူအချို့ ယနေ့ (အောက်တိုဘာ ၂၆ ရက်) နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်အတွင်းAA လက်နက်ကိုင်တပ်ဖွဲ့ ၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ရန် ရွှေနဒီအမည်ရှိ အမြန်ရေယာဉ်ကို အသုံးပြုသွားရောက်စဉ် ဖမ်းဆီးခံခဲ့ရကြောင်း၊ အမြန်ရေယာဉ်အား ယနေ့ နေ့လည် ၁၁နာရီခွဲခန့်က ပြန်လွှတ်ပေးခဲ့ပြီး လှေပေါ်ပါ ရဲတပ်ဖွဲ့ဝင်များနှင့် ခရီးသည်များအား ဖမ်းဆီးထားကြောင်း ၎င်းက ဆိုသည်။

” လုံခြုံရေးကိစ္စနဲ့ သွားတာမဟုတ်ဘူး၊ တာဝန်ထမ်းဆောင်ဖို့ တာဝန်လဲဖို့ ဒီရေယာဉ်ကို သုံးပြီးသွားတယ်၊ လက်နက်မပါဘူး၊ ရဲယူနီဖောင်းလဲ ဝတ်မထားပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ယင်း အမြန်ရေယာဉ်ပေါ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အဖြစ် တာဝန်ထမ်းဆောင်ရန် သွားရောက်သော ရဲအရာရှိ ၁၁ဦးနှင့်အခြားအဆင့် ၁၆ ဦး အပါအဝင် ပြည်သူများအချို့လည်း ပါဝင်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117