Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ သပြေရ ကျေးရွာအထွက်တွင် ငွေကျပ်သိန်းပေါင်း ၅၁,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ 

သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ သပြေရ ကျေးရွာအထွက်(Mobile X-Rays ကွင်းရှောင်လမ်း)တွင် ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၆၅၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၅ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၇၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၁,၄၀၀ သိန်း) အားဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေးဗဟိုကော်မတီ (CCDAC) က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၃ ရက်၊ ၂၃း၀၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ သပြေရ ကျေးရွာအထွက်(Mobile X-Rays ကွင်းရှောင်လမ်း)တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်းရပ်ကွက်နေ ကျော်လင်းအောင်(ခ)သန်းမင်းစိုး ၂၃ နှစ်မောင်းနှင်ပြီး ရတနာပုံမြို့သစ်၊ သမန်းကုန်းရပ်ကွက်နေ ချစ်ကို(ခ)စိုးပေ ၂၂ နှစ်ယာဉ်နောက်လိုက်အဖြစ်လိုက်ပါလာသည့်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးဝါးများ  နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

၎င်းတို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမူဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)