Connect with us

Politics, Law & Military

(၈)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ

(၈)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

(၈)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

အစည်းအဝေး၌ NRPC ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောာကားရာတွင် ယနေ့ အစည်းအဝေးသည် JICM အစည်းအဝေးများ တရားဝင် ပြန်လည် စတင်နိုင်ရန် သဘောတူ ချက်များ ရရှိစေမည့် အစည်းအဝေးဖြစ်မည်ဟု မျှော်လင့်ကြောင်း၊ JICM အစည်းအဝေးကို မကြာမီ    ကာလအတွင်း ကျင်းပနိုင်ရန်၊ ၎င်း အစည်းအဝေးတွင် ဆွေးနွေးမည့် အစီအစဉ်များကို နှစ်ဘက် ကြိုတင်ညှိနှိုင်းရန်၊ တစ်နှစ်ကျော်ကြာ ရပ်နားထားသည့် တရားဝင် အစည်းအဝေးများမှ တစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပနိုင်ရန် စသည့် အရေးကြီးသော ညှိနှိုင်း ဆွေးနွေးမှုများ ကို ယနေ့ ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ JICM ၏ တာဝန်လုပ်ပိုင်ခွင့်များကို တိုးချဲ ရန်အတွက်လည်း ၂၀၁၈ အောက်တိုဘာ ၁၅၊ ၁၆ တွင် ကျင်းပခဲ့သည့် နှစ်ဘက် ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် သဘောတူခဲ့ပြီး ဖြစ်ကြောင်း၊ JICM mandate များ ပြင်ဆင်နိုင်ရေးကိုလည်း ယနေ့ အစည်းအဝေးတွင် ညှိနှိုင်းကြရမည် ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးက ရရှိသော သဘောတူညီချက်များကို မကြာမီ ကျင်းမမည့် JICM အစည်း အဝေးတွင် ဆုံးဖြတ်ချက်ရယူကာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းနောက် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား  JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်၊ RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ဆွေးနွေးရာတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေ အခင်းအကျင်းအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အမြန်ဆုံး ပြန်လည် စတင်ဖို့ စ မှတ်က မရှိမဖြစ် လိုအပ်တဲ့ အတွက် ယနေ့ အကြိုညှိနှိုင်းအစည်းအဝေးတွင် ကောင်းမွန်သော ရလဒ်များ ရရှိအောင် ဆွေးနွေးညှိနှိုင်းကြဖို့ လိုကြောင်း၊ ထိုမှ တစ်ဆင့် JICM အစည်းအဝေးသို့ ဆက်လက် ချီတက်ပြီး တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲ၊ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေး ဆွေးနွေးပွဲများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 (၈)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနိုင်ရေး အတွက် အစိုးရနှင့် NCA_S EAOs အကြိုညှိနှိုင်း အစည်းအဝေးသို့ NRPC ဒုတိယ ဥက္ကဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်း ဦးဆောင်သော NRPC အဖွဲ့ဝင်ကိုးဦးနှင့် JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RSCC အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ ဆယ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။(Xinhua)