Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ရွာငံ မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၇၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူ နှင့်အတူ သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ် ရွာငံ မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်းပေါင်း ၇၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၀၀,၀၀၀ ပြား အားဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေးဗဟိုကော်မတီ (CCDAC) ကယနေ့ သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၁ ရက်၁၆း၀၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ ညောင်လေးခွကျေးရွာအနီး၊ အောင်ပန်း-ရွာငံ သွားကားလမ်းပေါ်တွင် အောင်ပန်းမြို့ဘက်မှ ရွာငံမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဇေယျာရပ်ကွက်နေ ကျော်နိုင်လွင်(ခ)ချစ်နိုင်လွင် ၂၅ နှစ် စီးနင်းမောင်းနှင်လာ သောမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွ ရူးသွပ်ဆေးပြား ၇၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၀၀၀ သိန်း)၊ မော်တော်ယာဉ်နံပါတ်ပြား ၁ ခု နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)