Connect with us

Politics, Law & Military

JICM အကြိုညှိနှိုင်းအစည်းအဝေးက သဘောတူချက် ကိုးချက်ရရှိ ဟု ဆို

NRPC အဖွဲ ့ဝင်၊ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးနှင့် EAOs အဖွဲ့ဝင်၊ CNF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ လျန်မှုန်းဆာခေါင်တို့ မီဒီယာသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

(၈)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနိုင်ရေး အတွက် အစိုးရနှင့် NCA_S EAOs အကြိုညှိနှိုင်း အစည်းအဝေးကို နေပြည်တော်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)  ၌ ယနေ့ပြုလုပ်ခဲ့ရာ နှစ်ဘက် သဘောတူညီချက် ကိုးချက် ရရှိခဲ့ကြောင်း NRPC အဖွဲ ့ဝင်၊ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ညနေပိုင်း အစည်းအဝေးအပြီးတွင် မီဒီယာသို့ ဖြေကြားခဲ့သည်။

အဆိုပါ သဘောတူချက်များအား ယနေ့ အစည်းအဝေးတွင် ပဏာမ အကြိုညှိနှိုင်းကြခြင်း ဖြစ်ပြီး အသေးစိတ် ကိုမူ မကြာမီ ကျင်းပတော့မည့် JICM အစည်းအဝေးတွင် နှစ်ဖက်ခေါင်းဆောင်များ၏ သဘောတူညီချက်များကို ရယူသွားမည် ဖြစ်ကြောင်း၊ လာမည့်  NCA လေးနှစ်ပြည့် နှစ်ပတ်လည် နေ့(အောက်တိုဘာ ၂၈ ရက်နေ့)  တွင် EAO ခေါင်းဆောင်များလည်း စုံစုံညီညီ တက်ရောက်ရန်ရှိကြောင်း၊ အဆိုပါ နှစ်ပတ်လည်ပွဲနှင့်တစ်ဆက်တစ်စပ်တည်း ကျင်းပနိုင်ရန် မိမိတို့ဆက်ပြီး ညှိနှိုင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117