ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက ကျပ် သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၇၄,၇၁၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး မဟာဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံထိပ်သီးအစည်းအ ဝေး တက်ရောက်ရန် ယနေ့ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မော်လမြိုင်မြို့နယ် ၊ သံလွင်မြစ်အတွင်း ဖားအောက်ချောင်းပေါက်ဝ အနီး စက်လှေများပေါ်မှ တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း(၃၀၀)တန်ခန့်အား ယနေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် ဇွန် ၂၀ ရက် မနက် ၁၁ နာရီခန့်က ကျပ် သိန်း၃၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်ပြည့် မွေးနေ့ မင်္ဂလာ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ အိုင် -၁၂ (I – 12) အဆောင်တွင်...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက် အရ စုစုပေါင်းရငွေကျပ် ၇၇၂.၀၄၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းတင်ပြသည့်အပေါ်...
နေပြည်တော်၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန် မြစ်ကူးတံတား စီမံကိန်းသုံး ပစ္စည်းများ ဆုံးရှုံးမှုအတွက် IKBZ အာမခံ ကုမ္ပဏီက ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ ပြန်လည် အစားထိုး လျော်ကြေး ပေးအပ်သည့် အခမ်းအနားကို ယနေ့ ညနေပိုင်း၌ နေပြည်တော်၊ ဆောက်လုပ်ရေး ဝန်ကြီးရုံးတွင်...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ်တွင် ယနေ့ နံနက် ၅နာရီကျော်က YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူ၂ ဦး သေ၊၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သော မရမ်းကုန်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။