Connect with us

Politics, Law & Military

ရှမ်းပြည်နယ် သိန္နီမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လူ ၆ ဦး ဒဏ်ရာရရှိ

သိန္နီမြို့တွင်း လက်နက်ကြီးကျပြီး နေအိမ်များ ပျက်စီးနေမှုအား တွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့ရှိ မြို့မစျေးအနီး ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ အောက်တိုဘာ ၉ရက် နံနက် (၆) နာရီခန့်က နယ်မြေခံ တပ်မတော်နှင့် စိစစ်ဆဲ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားရာ ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် နံနက် ၇ နာရီခွဲခန့်တွင် ပြီးဆုံးသွားခဲ့ပြီး ဒေသခံ (၆) ဦး ဒဏ်ရာရရှိမှုတွင် သိန္နီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပြီး ဒဏ်ရာရရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။(Xinhua)