Connect with us

Politics, Law & Military

အသေးစား အဂတိများ လျှော့ချရန် ဌာနအဖွဲ ့အစည်း ၂၂ ခုတွင် CPU သုံးမည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၉ရက်(ဆင်ဟွာ)

အသေးစား အဂတိလိုက်စားမှုများ လျှော့ချရေးအတွက် ပြည်ထောင်စု ၀န်ကြီးဌာန ၁၇ ခုနှင့် ပြည်ထောင်စုအဆင့် အဖွဲ ့အစည်း ငါးခုတို ့တွင် CPU Toolkit (Corruption Prevention Unit) လက်သုံး ကိရိယာများ အသုံးပြုသွားမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ ့ နေ ့လယ်ပိုင်း နေပြည်တော် Kempinski Hotel တွင် ကျင်းပသော အသေးစား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် CPU Toolkit စမ်းသပ်ဆောင်ရွက်ခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

“CPU Toolkit ဟာ အခြေခံပြည်သူတစ်ဦးနဲ ့ ဌာနဆိုင်ရာ တာ၀န်ရှိသူ အကြား ၀န်ဆောင်မှုအပေါ် အကြံပြုချက် ရယူဖို ့ ချိတ်ဆက်ပေးတဲ့ ယန္တရားတစ်ခုသာဖြစ်ပြီး တည်ဆဲ တိုင်ကြားမှု ယန္တရားကို အစားထိုးခြင်း၊ သို ့မဟုတ် ထပ်မံ ဖြည့်စွက်ခြင်း လုံး၀ မဟုတ်ကြောင်း ပြောကြားလိုပါတယ်၊ ဒီ လက်သုံး ကိရိယာဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတွက်သာမက တာ၀န်ယူမှု ရှိခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းနဲ ့တုံ ့ပြန် ဖြေကြားရခြင်း ဟုဆိုတဲ့ နိုင်ငံတော် အစိုးရအတွက် ကောင်းမွန် သော အုပ်ချုပ်ရေး စနစ်အတွက် မရှိမဖြစ် အင်္ဂါရပ် သုံးချက်ကိုလည်း ဖြည့်ဆည်းပေးပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောခဲ့သည်။

World Bank (Myanmar) Head Office Mr. Gevorg Sargsyan အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

၀န်ကြီးဌာနများ၊ အဖွဲ ့အစည်းများတွင် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ ့မှ စတင်၍ ၀န်ကြီးဌာန ၁၀ ခုရှိ မြို့နယ် တချို ့့တွင် စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၀န်ဆောင်မှု ရယူသော ပြည်သူ တစ်ဦးချင်းထံသို ့ သက်ဆိုင်ရာ CPU က SMS မှတစ်ဆင့် ဆက်သွယ် စုံစမ်း မေးမြန်းခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို ့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန် CPU များကိုလည်း မကြာမီ စတင် စမ်းသပ် ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိကြောင်း၊ ယခုကဲ့သို ့ CPU များတွင် ထို လက်သုံး ကိရိယာ (Toolkit) များ ထိထိရောက်ရောက် သုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်အဖွဲ့က လူအင်အား၊ ငွေအင်အား၊ နည်း ပညာအင်အားများ စိုက်ထုတ်လျက် စွမ်းအားပြည့် ကူညီပေးနေသည်ကို ပြည်ထောင်စု ၀န်ကြီးဌာန များနှင့် CPU များ ကိုယ်စား အထူးကျေးဇူး တင်ရှိပါကြောင်း၊ ထို ့အတူ Multi-donor Trust Fund အစီအစဉ်အရ အားပေးကူညီကြသော အဖွဲ ့၀င်နိုင်ငံများနှင့် အဖွဲ ့အစည်းများအား ကျေးဇူးတင်ရှိပါ ကြောင်းလည်း ဥက္ကဋ္ဌက ပြောခဲ့သည်။

အသေးစား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် CPU Toolkit စမ်းသပ်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ထို ့အပြင် ကော်မရှင် ဥက္ကဋ္ဌက “တားဆီး ကာကွယ်ခြင်းဟာ တရားစွဲဆို အရေးယူခြင်းထက် များစွာ ပိုမို ထိရောက်ပါတယ်၊ နိုင်ငံ့၀န်ထမ်းတွေကို ရာဇ၀တ်မှု မဖြစ်ပွားမီ ကြိုတင် တားဆီး ကာကွယ်နိုင် ခြင်းဖြင့် သက်ဆိုင်သူ တစ်ဦးချင်းစီအတွက်သာမက နိုင်ငံတော်အတွက်ပါ ထိခိုက် နစ်နာမှုကို နည်းပါး သက်သာစေပါတယ်၊ ဒါ့ကြောင့် ၀န်ကြီးဌာနများမှာ CPU များ ကောင်းစွာ အလုပ်လုပ်နိုင်ရန် တာ၀န် ရှိသူများနှင့် ၀န်ထမ်းများက မိသားစုစိတ်ဓာတ်ဖြင့် စေတနာထားပြီး ၀ိုင်း၀န်း ကူညီပေးကြဖို ့ အလေး အနက် မေတ္တာရပ်ခံလိုပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

လက်ရှိ၌ ပြည်ထောင်စု ၀န်ကြီးဌာန ၁၇ ခုနှင့် ပြည်ထောင်စုအဆင့် အဖွဲ ့အစည်း ငါးခုတို့တွင် CPU ၃၇ ခု ဖွဲ ့စည်းပြီး ဖြစ်ကြောင်း၊ ရည်မှန်းချက် တာ၀န် သုံးရပ်၊ လုပ်ငန်းစဉ် ခြောက်ရပ် တို ့ကို ချမှတ် ထားပြီး ဖြစ်ကြောင်း၊ တာ၀န် သုံးရပ်တို ့မှာ ၁။ ဌာနများတွင် အဂတိလိုက်စားမှု ပြဿနာများ ပေါ်ပေါက် နိုင်သော အခြေအနေကို ဖော်ထုတ်ရန်၊ ၂။ ထိုပြဿနာများကို သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်း ကမ်း နှင့် အညီ ကိုင်တွယ်ဖြေရှင်းရန်၊ ၃။ အဂတိ လိုက်စားမှု ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ဆန်းစစ် ရန်နှင့် ဘေးအန္တရာယ် လျော့့ကျစေရန် ပြုပြင် ပြောင်းလဲပေးခြင်းတို ့ ဖြစ်ကြောင်းသိရသည်။(Xinhua)