Connect with us

Politics, Law & Military

ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ယာဉ် ၃ စီး တိုက်မိပြီး လူ၂၀ ဦး ဒဏ်ရာရရှိ

ယာဉ်တိုက်မှုကြောင့် တိမ်းမှောက်သွားသော ခရီးသည်တင်ယာဉ် နှစ်စီးအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

 

ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်(၅၈/၅-၆)ကြား  အောက်တိုဘာ ၈ရက်တွင် ယာဉ် ၃ စီး တိုက်မိပြီး လူ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

“မြင့်”ခရီးသည်တင်မှန်လုံယာဉ်၊ ထက်ယံခရီးသည်တင်မှန်လုံယာဉ်နှင့် Canter ယာဉ် သုံးစီးတိုက်မှုဖြစ်ပွားပြီး 

Canter ယာဉ်ပေါ်ပါ နှစ်ဦး၊ “ထက်ယံ”ခရီးသည်ယာဉ်ပေါ်ပါ ၁၈ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်း ထိခိုက်ဒဏ်ရာရရှိသူများအား အင်းမတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပေါ်စေသည့် 

ယာဉ်မောင်း ၃ ဦး(ဖမ်းမိ)အား အင်းမနယ်မြေရဲစခန်းယာဉ်(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/၂၇၉(ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန်နာကျင်စေမှု/ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.