ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရက နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်းတန်ဖိုးသင့် အိမ်ရာတိုက်ခန်းများတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ပေးမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ အကြား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကားဘီးများဖြုတ်ခိုးသူများအား အရှေ့ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ ဖမ်းဆီးစစ်ဆေးခဲ့ရာ ကားဘီးခိုးမှု(၂၄)မှုဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပါဝင်သည့် ဖုန်းဘေလ်များ မှားယွင်း ဖြတ်တောက်မှု၊ မလျော်မကန် ဖြတ်တောက်မှုဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်၏ အမေးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ အဖြေတို့သည် ပြည်သူလူထုတစ်ရပ်လုံး အတွက် အကျိုးရှိစေသောကြောင့် နိုင်ငံ တော် ပြန်တမ်းတွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံမှုခင်းကြိုတင်ကာကွယ်တားဆီးရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ယနေ့ တတိယအကြိမ် မြန်မာ-ဗီယက်နမ် လုံခြုံရေးနှင့် တရားဥဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးအပြီး နှစ်နိုင်ငံ ဝန်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၉,၃၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ဖယ်ခုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၉ ဧက အား ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဗဟို ကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေးအား ယနေ့တွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကျပ် သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) အစိုးရအနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုးမြှင့်ခံစားခွင့်ပြုထားပြီး လက်ရှိတွင် တိုးမြှင့်ပင်စင်ထုတ်ယူရန် လူ ၂သိန်းခန့် ကျန်ရှိနေကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။