Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၁၀၈၄ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၁၀၈၄ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေ ၃၀ ရက်၊ ၀၉း၀၀နာရီ တွင် တပ်မတော်သားများသည် မဘိမ်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင် ရွက်နေစဉ် တောအတွင်းတွေ့ရှိသော တဲတစ်လုံးအား မသင်္ကာသဖြင့် ဝင်ရောက်ရှာဖွေရာ တဲအတွင်း နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်နေသူများဖြစ်သည့် လော့နောင် ၄၃ နှစ်၊ မောင်အလေးဖ ၂၈ နှစ်၊ မံစီမြို့နယ်၊ မန်ဝင်းကြီး ကျေးရွာနေ တူးလာ ၂၈ နှစ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)နေသူများဖြစ်သည့် ကျားလိမ် ၄၃ နှစ်၊ ကျိန်းဆက် ၄၆ နှစ်တို့ အားတွေ့ရှိပြီး ၎င်းတို့အိပ်သည့်ကြမ်းခင်းအောက်ရှိ ဆာလာအိတ်အတွင်းမှ ဖယောင်းစက္ကူများဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၈၄ သိန်း)၊ ဆပ်ပြာခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၃၈,၀၀၀ ကျပ်)၊ အထိုင်ဖုန်း ၁ လုံး၊ မြန်မာငွေ ၁၇၀ သိန်းနှင့် တဲရှေ့တွင်ရပ်ထားသည့် မော်တော်ဆိုင်ကယ် ၂ စီး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး လွှဲပြောင်းပေးအပ်သဖြင့် မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)