Connect with us

Politics, Law & Military

တတိယ တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲများ ပြီးဆုံး


နေပြည်တော်၊ မေ ၃၁ ရက်(ဆင်ဟွာ)

နိုင်ငံတော်အစိုးရ၏တတိယ တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲများကိုးရက်မြောက် နေ့အဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန တို့ ပူးပေါင်း ရှင်းလင်းခဲ့ကြသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးက ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးနောက်ပိုင်း လက်ရှိကာလတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ထိုးပြီးသား အဖွဲ့များ နှင့်ရော မထိုးရသေးသည့် အဖွဲ့များနှင့် ပါ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ကြောင်း၊ အလွတ် သဘော ဆွေးနွေးပွဲများ၊ တရားဝင် ဆွေးနွေးပွဲများ လည်း ပြုလုပ်ခဲ့ကြောင်း၊ ယခု လာမည့် ဇွန်လတွင် NCA ထဲမှာပါသည့် ယန္တရားများကို ပြန်လည် စတင်နိုင်မည်ဟု မျှော်မှန်းပြီး လက်ရှိအခြေအနေထိ ဆောင် ရွက်လျက် ရှိကြောင်း၊ လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသော မြောက်ပိုင်းအဖွဲ့လေးဖွဲ့နှင့် တိုက်ပွဲများ ရပ်ဆိုင်းရန် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ရပ် လိုအပ်လာကြောင်း၊ ယုံကြည်မှု တည် ဆောက်ရေးအတွက် တပ်ပိုင်းဆိုင်ရာ သဘောတူညီချက်များနှင့် ဒေသခံ ပြည်သူများ အရေးကိစ္စ၊ အထူးသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကိစ္စများ ဆောင်ရွက်ရန် ညှိနှိုင်းသွားမည်၊ ထို့နောက် နိုင်ငံရေး အဖြေရရန် ဖက်ဒရယ် အခြေခံ မူများ ညှိနှိုင်း ဆွေးနွေးသည့် အဆင့်သို့ တက်ရေး ဟူသည့် အချက် သုံးချက် ဆောင်ရွက်နိုင်ရန် bilateral agreement ထိုးမည် ဖြစ်ကြောင်း၊ ထို အဆင့် သုံးဆင့် ဆောင်ရွက်ပြီးလျှင် NCA လက်မှတ်ရေးထိုးသည့် အဆင့်ကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ NCA တွင် ပါလာကြသည့်အခါ NCA ၏ လမ်းပြ မြေပုံ ခုနစ်ဆင့်အတိုင်း ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ခွဲမထွက်ရေး ကိစ္စနှင့် တစ်ခုတည်းသော တပ်မတော် ဖြစ်ရေး ကိစ္စတို့မှာ ညှိနှိုင်း၍ မရသေးကြောင်း ရှင်းပြခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်လျက်ရှိသော အကြမ်းဖက်သမားများနှင့်ပတ်သက်ပြီး ဇစ်မြစ်ကို ရှာဖွေ ဖော်ထုတ်ခြင်း၊ ဘဏ္ဍာငွေ၊ ပစ္စည်း ထောက်ပံ့မှုများကို ဖြတ်တောက်ခြင်း၊ ထောက်လှမ်းရေးနှင့် လုံခြုံရေး အဖွဲ့အားလုံး စုစည်း အသုံးပြုခြင်းနှင့် ခေတ်မီအောင် တည် ဆောက်ခြင်း၊ အခြေခံအဆောက်အအုံများအား ကာကွယ်ခြင်း၊ အသင့်ဖြစ်မှုကို မြှင့်တင်ခြင်း၊ အစွန်းရောက်လိုစိတ်များ လျှော့ချခြင်းနှင့် အင်အား စုဆောင်းမှုများကို ဖြိုခွင်းခြင်း၊ ညီညွတ်ရေးနှင့် သဟဇာတဖြစ်မှု တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်းလည်းသိရသည်။

အစိုးရ၏ တတိယ တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက ရှင်းလင်း ဖြေကြားရာတွင် ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage List) ဝင် ဖြစ်ရေးအတွက် ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ တင်ပြခဲ့ရာ ကော်မတီ၏ အကြံပေး အဖွဲ့ နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာများ ကောင်စီ(ICOMOS:_ International Councilon Monuments and Sites)သည် ပုဂံဒေသသို့ ၂၀၁၈ စက်တင်ဘာ ၁၅ရက်မှ ၂၅ ရက် အထိ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊၂၀၁၉ ဇွန် ၃၀ မှ ဇူလိုင် ၁၀ ရက်နေ့အထိ အဇာဘိုင်ဂျန် ဘာကူမြို့တွင် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံတွင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage List) ဝင် အဖြစ် အတည်ပြု၊ မပြု ဆုံးဖြတ်မည် ဖြစ် ကြောင်း၊ အလားတူ ပင် မြောက်ဥၤီး ယဉ်ကျေးမှု အမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage List) ဝင် ဖြစ်ရေးအတွက် အဆိုပြုစာတွဲ အပြည့်အစုံကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြောက်ဦးဒေသ၏ အာနန္ဒ စန္ဒြ ကျောက် စာ၏ အဆိုပြု ပုံစံကိုလည်း အာရှပစိဖိတ်ဒေသတွင်း မှတ်တမ်း ကော်မတီသို့ တင်သွင်းခဲ့ရာ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းဝင်အဖြစ် ကမ္ဘာ့ မှတ်တမ်းကော်မတီ၏ အဌမ အကြိမ်မြောက် အထွေ ထွေ အစည်းအဝေးက အသိအမှတ် ပြုခဲ့ကြောင်း၊ ၂၀၂၀ တွင် UNESCO သို့ ဆက်လက် တင်သွင်း သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှထွန်းက တတိယတစ်နှစ်တာအတွင်းပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ တောင်နဝင်း၊ မြောက်နဝင်း၊ ဝဲကြီး၊ တောင်ညိ ဆည်များ၏ ဆည်ရေသောက်စနစ်များ ပြီးစီးမည်ဖြစ်၍ လယ်ဧက စုစုပေါင်း ၂၁၆၂၈၅ ဧက အတွက် စိုက်ပျိုးရေ ထိရောက် အကျိုးရှိစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းပေါင်း ၄၉၃ ခုတို့ကို ဆောင်ရွက်နိုင်ခဲ့သဖြင့် လယ်မြေဧက ၃ ဒသမ ၂၉ သိန်းခန့်အား ထိရောက်စွာကာကွယ်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ စက်မှု လယ်ယာစနစ် ကျင့်သုံးနိုင်သည့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းနှင့် ကုန်းမြင့်လယ်ယာ ဖော်ထုတ်ခြင်းတို့ကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်ခြင်း ၁၂၄၀ ဧက၊ ကုန်းမြင့်လယ်ယာ ၃၈၈ ဧက ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၁၈ ဓပြီလမှ ၂၀၁၉ မတ်လအထိ အမေရိကန်ဒေါ်လာ ၇၂၀ ဒသမ ၀၂၁ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း ရှင်းလင်း တင်ပြ ခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုး အောင်က ရှင်းလင်း ဖြေကြားရာတွင် တတိယ တစ်နှစ်တာအတွင်း ပြည်ဝင်ဗီဇာများအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြေလျှော့ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဧည့်သည် ဝင်ရောက်မှု ပိုမို များပြားလာပြီး နိုင်ငံတော်အတွက် ဝင်ငွေတိုးတက် ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ ဆိုက်ရောက် ဗီဇာ (VOA) စနစ်ဖြင့် နိုင်ငံခြားသား ခရီးသည် ၄၁၅၆၀၇ ဦးတို့ကို ခွင့်ပြုပေးခဲ့ရာ ဗီဇာကြေး အမေရိကန် ဒေါ်လာ ၂၀၁၃၈၁၉၀ ရရှိခဲ့ကြောင်း၊ online e-Visa ဖြင့် ဝင်ရောက်လာသည့် ခရီးသည် ၁,၁၄၇,၈၅၇ ဦးအတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၄,၀၉၃,၅၈၈ ရရှိခဲ့ကြောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား လွယ်ကူ မှန်ကန်စွာ ထုတ်ပေးရေးအတွက် အစိုးရသစ် တက်လာကတည်းက ဖြေလျှော့နည်းလမ်းများ အသုံးပြု၍ သစ္စာ စီမံချက်တွင် ထည့်သွင်း ရေးဆွဲ ဆောင်ရွက်ခဲ့ရာ သုံးနှစ်တာအတွင်း ပြည်သူ ၆,၇၆၂,၀၁၃ ဦးတို့ကိုလည်းကောင်း၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူနှင့် အလုပ်သမားများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်များ ထုတ်ပေးခဲ့ရာ အိမ်ထောင်စု ၄၄,၇၆၇ စုအား ထုတ်ပေးနိုင်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ ၁၆,၈၂၅ ဦးတို့အားလည်းကောင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒေသအသီးသီးရှိ စာသင်ကျောင်းများတွင် အသက်ပြည့်မီသူ ကျောင်းသူ ကျောင်းသား ၁,၁၃၂,၄၁၂ ဦးတို့အားလည်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.