နေပြည်တော်၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် မသက်ဆိုင် သည့် ကိစ္စများကို ဆွဲသွင်းလာခြင်းများ မပြုလုပ်ကြဖို့ လိုအပ်ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းက...
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး နှစ်ဘက် အကျအရှုံးရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း သိန်းပေါင်း လေးသိန်းကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) တပ်မတော်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေမှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးသုံးဦးအား မတ်လ ၂၆ ရက်တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မတ် ၂၅ ရက် နံနက် ၁၁နာရီ ခွဲက တရားမဝင်သစ်အမြောက်အမြားနှင့် သစ်ခွဲစက်များစွာ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ၌ အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မှုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgenerတို့ ဆွေးနွေးခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၁၉၄၆.၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၄၂၂.၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။