Connect with us

Politics, Law & Military

မကွေးတိုင်းဒေသကြီး အတွင်း ယာဉ်မောင်း လိုင်စင် မရှိဘဲ မောင်းနှင်ခြင်းများ တိုးမြှင့် စစ်ဆေး အရေးယူ သွားမည်

မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ပြုလုပ်စဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အတွင်း ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင်ခြင်းများကို တိုးမြှင့်စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် စာရင်းမှာ ၅၃၃,၆၃၆ စီး ရှိပြီး ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်တိုက်မှုပေါင်း ၅၂၈ မှု ရှိကာ ဒဏ်ရာရရှိသူ ၉၇၄ ဦး နှင့် သေဆုံးသူ ၁၄၉ ဦး ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုများမှ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများတွင် မော်တော် ဆိုင်ကယ်စီး ဦးထုပ် စနစ်တကျ မဆောင်း ခြင်း ၊ မော်တော်ယာဉ်မောင်းနှင်စဉ် ခါးပတ်မပတ်ခြင်း၊ ယာဉ်မောင်းသူများ အရက်သေစာ သောက်စား မောင်းနှင်ခြင်း တို့ကြောင့် အများဆုံး ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက် နေမှုများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဇွန် ၃ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.