Connect with us

Politics, Law & Military

ရန်ကုန်မြို့တော်ကို အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်းများ တည်ဆောက်မည်ဟု ဝန်ကြီးချုပ်ဆို


ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများထဲတွင် ရန်ကုန်မြို့တော်ကို အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်းပတ်လမ်းတည်ဆောက်ရေးအတွက် သတ်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တင်ဒါခေါ်ယူထားပြီး အခြေအနေတစ်ရပ်ထိရောက်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

အနာဂတ် ရန်ကုန်မြို့စီမံကိန်းအတွက် Yangon Project Bank ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ကိုအပြင်က ပတ်သွားနိုင်မည့် အပြင်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်းအတွက် နယ်နိမိတ်သတ်မှတ်ပြီး သတ်မှတ်နေရာများကို စနစ်တကျ ဖော်ဆောင်လုပ်ကိုင်နေကြောင်း ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(YRYEA)မှ စီစဉ်ကျင်းပသော အနာဂတ် ရန်ကုန်စီမံကိန်းအတွက် Yangon Project Bank ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့(ဇွန် ၃ရက်)၌ တိုင်းဒေသကြီးအစိုးရအဖဲ့ွရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အနာဂတ် ရန်ကုန်မြို့စီမံကိန်းအတွက် Yangon Project Bank ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အနာဂတ်ရန်ကုန်မြို့၏ စီမံကိန်းများအတွက် Yangon Project Bankပူးပေါင်းဆောင်ရွက်မှုများထဲ၌ ရန်ကုန်မြို့ကို အနာဂတ်ပုံဖော်မည်ဆိုပါက စီမံကိန်းများ၊ ရည်ရွယ်ချက်များ၊ ရှေ့ဆက်သွားမည့် လမ်းကြောင်းများ ရှိရမည်ဖြစ်ကြောင်း၊ Project Bank ထဲ၌ အားလုံး ပြီးပြည့်စုံစွာပါဝင်သည့် အခြေအနေ့ မဟုတ်သေးကြောင်း၊ အစိုးရဘတ်ဂျက်နှင့် ဆောင်ရွက်မည့် အစီအမံများကို Yangon Project Bank ထဲတွင် ထည့်သွင်းထားခြင်း မဟုတ်ဘဲ ပုဂ္ဂလိက ကဏ္ဍနှင့် မိမိတို့ အစိုးရ ပူးပေါင်းဆောင်ရွက်၍ရနိုင်မည့် ကဏ္ဍများကိုသာ ထည့်သွင်းထားကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ယခု အစီအစဉ် အထမြောက် အောင်မြင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍနယ်ပယ်ကလည်း ကူညီခဲ့မှုများရှိကြောင်း၊ ထို့အပြင် စနစ်တကျ စုစည်းပေးမှုအတွက် PWC၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ Project Bank ကို တင်ပြခြင်း အားဖြင့် တိုင်းဒေသကြီးအစိုးရ၏ ဆောင်ရွက်နေမှုများကို မည်မျှပွင့်လင်းမြင်သာမှု ရှိသည်ကို ပြသနိုင်တာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဆက်အောင်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံ၏ စီမံကိန်းများနှင့် ပတ်သက်၍ ရေးဆွဲရမည့် မူဘောင်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရန်ကုန်တိုင်းလွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ PWC Singapore မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.